Wednesday, October 4, 2023
HomeEntertainmentမျောက်ဘုရင်ရဲ့ ထူးထူးခြားခြားအချစ်ဇာတ်လမ်းကိုကြည့်ရမယ့် "A Korean Odyssey"

မျောက်ဘုရင်ရဲ့ ထူးထူးခြားခြားအချစ်ဇာတ်လမ်းကိုကြည့်ရမယ့် “A Korean Odyssey”

အနောက်အရပ်သို့ စွန့်စားခန်း (A Korean Odyssey) ဟာ မင်းသား Lee Seung-gi, Cha Seung-won, Lee Hong-gi, Jang Gwang နဲ့ မင်းသမီး Oh Yeon-seo တို့ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Hong sisters ရေးသားထားတဲ့ 16 ရာစု တရုတ်ဂန္တဝင် Journey to the West ဝတ္ထုကို ပြန်လည်ဆန်းသစ်ကာ ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

Instagram

ဇာတ်လမ်းပုံစံက Son Oh-gong (Lee Seung-gi) နဲ့ Woo Ma-wang (Cha Seung-won) တို့ဟာ မကောင်းဆိုးဝါးတွေပေါများနေတဲ့ အမှောင်ကမ္ဘာတွင် စစ်မှန်တဲ့အလင်းရောင်ကို ရှာဖွေရင်း အချင်းချင်း ပဋိပက္ခတွေ ဖြစ်ပွားနေခဲ့ကြပါတယ်။ နောက်ပြီး ငယ်ငယ်ကတည်းက သရဲ၊ တစ္ဆေတွေကို မြင်နိုင်စွမ်းရှိတဲ့ Jin Seon-mi နဲ့ Oh-gong တို့ဟာ လွန်ခဲ့တဲ့ 25 နှစ်ခန့်က စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြဖူးတာ ဖြစ်ပါတယ်။ သူတို့ရဲ့အပေးအယူကတော့ ကောင်းကင်ဘုံက အကျဉ်းချခြင်းကို ခံထားရတဲ့ Son Oh-gong ကို လွတ်မြောက်ခွင့်ပေးမှာဖြစ်ကာ ဒီအတွက်ပြန်ပေးဆပ်ရမှာက Seon-mi အကူအညီလိုတဲ့အချိန်တိုင်းမှာ Son Oh-gong က ရောက်လာပြီး သူမကိုကာကွယ်ပေးရမှာဖြစ်ပါတယ်။

Instagram

ဒါပေမယ့် Seon-mi က Son Oh-gong ကို လွှတ်ပေးလိုက်တဲ့အချိန်မှာပဲ သူမရဲ့မှတ်ဉာဏ်ကိုခိုးယူကာ Oh-gong ထွက်ပြေးသွားခဲ့ပါတယ်။ Seon-mi အရွယ်ရောက်လာတဲ့အချိန်မှာတော့ Oh-gong နဲ့ မထင်မှတ်ဘဲ ဆိုးလ်တွင်ပြန်လည်ဆုံတွေ့ခဲ့တာဖြစ်ပြီး သူမကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါရိုက်တာ Park Hong-kyun, Kim Jung-hyun နဲ့ Kim Byung-soo တို့ကရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် အချစ်ဟာသ သည်းထိတ်ရင်ဖိုစတဲ့ ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အနောက်အရပ်သို့ စွန့်စားခန်း (A Korean Odyssey) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: