Thursday, December 7, 2023
HomeEntertainmentမှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေနဲ့ အမျိုးသမီးလေးဦးရဲ့ဇာတ်လမ်း "Pretty Little Liars"

မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေနဲ့ အမျိုးသမီးလေးဦးရဲ့ဇာတ်လမ်း “Pretty Little Liars”

Viu ရဲ့ original series တစ်ခုဖြစ်တဲ့ မိန်းမပျိုတို့ရဲ့ မုသားများ (Pretty Little Liars) ဇာတ်လမ်းတွဲဟာ ဒါရိုက်တာ Emil Heraldi ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား လျှို့ဝှက်ဆန်းကြယ် ရုပ်သံစီးရီးတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ အမည်တူ အမေရိကန်ရုပ်သံစီးရီးတစ်ခုကို အခြေခံကာ ပြန်လည်ရိုက်ကူးပုံဖော်ထားတာပါ။

pinterest.com

မိန်းမပျိုတို့ရဲ့ မုသားများ (Pretty Little Liars) ဇာတ်လမ်းတွဲတွင် မင်းသမီး Yuki Kato က ဇာတ်ကောင် Alissa အဖြစ်ပါဝင်ထားပြီး မင်းသမီး Anya Geraldine ကိုတော့ ဇာတ်ကောင် Hanna အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး မင်းသမီး Eyka Farhana က Emma အဖြစ်ပါဝင်ထားကာ မင်းသမီး Valerie Thomas က Sabrina အဖြစ်နဲ့ မင်းသမီး Shindy Huang က Aria အဖြစ် အသီးသီးပါဝင်ထားကြပါတယ်။

ကျောင်းဆင်းပွဲညတွင် ကောလိပ်ကျောင်းသူတွေဖြစ်ကြတဲ့ Hanna, Ema, Sabrina နဲ့ Aria တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Alissa ဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီးနောက် နောက်ဆက်တွဲအကြောင်းအရာတွေကို ရိုက်ကူးပြသထားခဲ့တာ ဖြစ်ပါတယ်။

pinterest.com

တစ်နှစ်အကြာတွင် သူတို့လေးယောက်စလုံးဟာ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရန်ခြိမ်းခြောက်တဲ့ “A” အမည်ဖြင့် လျှို့ဝှက်တဲ့ အသွင်အပြင်နဲ့ မက်ဆေ့ချ်တွေကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Hanna, Ema, Sabrina နဲ့ Aria တို့ဟာ ပြန်လည်ဆုံတွေ့ဖို့ဖြစ်လာခဲ့ပြီး သူတို့ကြားထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ ဘယ်လိုအရာတွေက  သူတို့အတွက် စောင့်ကြိုနေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

မိန်းမပျိုတို့ရဲ့ မုသားများ (Pretty Little Liars) အင်ဒိုနီးရှား ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် အခုပဲကြည့်ရှုလိုက်ပါ။

RELATED ARTICLES
- Advertisment -

Most Popular

%d