2020 ခုနှစ်ကထွက်ရှိခဲ့တဲ့ ထိုင်းဒရာမာဇာတ်လမ်းတွဲ မိုးစက်ကြားကခေါ်သံ (Voice in the Rain) ဇာတ်လမ်းတွဲတွင် မင်းသား Naphat Vikairungroj, Kan Kantathavorn, မင်းသမီး Mashannoad Suvalmas နဲ့ Nachjaree Horvejkul တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာပါ။

ဒါရိုက်တာ Games Kritmongkol Pienthong ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲလေးကို ဇာတ်ညွှန်းဆရာ BitterSweet ကရေးသားထားပြီး စီးပွါးရေး စိတ်ကူးယဉ်အချစ်ဇာတ်လမ်း ဒရာမာတစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံက Rarin ဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူမဟာ မိုးရွာတဲ့အချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသားတစ်ယောက်ရဲ့အသံကို သူမတစ်ယောက်တည်း ကြားနေရတာဖြစ်ပါတယ်။ တကယ်တမ်း ဒီအမျိုးသားရဲ့အသံဟာ Tanthai ရဲ့အသံဖြစ်ပြီး သူဟာ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာလည်း အသံတွေကိုကြားနေရတာဖြစ်ပြီး Tanthai က သူကြားနေတဲ့အသံတွေကို မုန်းတီးနေသူဖြစ်ပါတယ်။

အနှောင့်အယှက်များစွာကြားတွင် သူတို့နှစ်ယောက်ရဲ့ နှလုံးသားကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ကြပြီး ချစ်ခြင်းမေတ္တာအသံက အားလုံးထက်ပိုကျယ်လောင်တယ်ဆိုတာကို မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။
မိုးစက်ကြားကခေါ်သံ (Voice in the Rain) ထိုင်းအချစ်ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။