2020 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ မြမြ မြန်မာရုပ်ရှင်ဇာတ်ကားကြီးဟာ သင်ဇာဝင့်ကျော်၊ မင်းတော်ဝင်၊ ဒီးဒီးနဲ့ ဝင်းသပြေထွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို Night School Film Production နဲ့ Sein Htay Film Production တို့က ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ကာ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

မြမြ ဇာတ်ကားတွင် မင်းသမီးသင်ဇာဝင့်ကျော်က မြမြဇာတ်ကောင်နေရာကနေ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားခဲ့တာပါ။ နောက်ပြီး ဝင်းသပြေထွန်းက ဇာတ်ကောင်ခင်ဇာခြည်လွင်အဖြစ်၊ မင်းတော်ဝင်က ဇာတ်ကောင်သုတမြင့်မြတ်အဖြစ်နဲ့ ဒီးဒီးက ရဲလွင်အဖြစ် အသီးသီးပါဝင်အားဖြည့်ထားကြပါတယ်။

မြမြဇာတ်ကားဟာ ရန်ကုန်စက်ရုံအလုပ်သမားတစ်ဦးဖြစ်ပြီး စက်ရုံတွင်သပိတ်မှောက်ခြင်းကို စီစဉ်သူမိန်းကလေးတစ်ယောက်ရဲ့ မတရားသေဆုံးမှုကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သူမကို မတရားအနိုင်ကျင့်သတ်ဖြတ်ခဲ့ကြတဲ့ အမျိုးသားတစ်စုကို လိုက်လံခြောက်လှန့်နေခဲ့တဲ့ မကျွတ်မလွတ်နိုင်သေးတဲ့ မြမြရဲ့ဝိညာဉ်အကြောင်းကို ကြည့်ရှုကြရမှာပါ။
မြမြ ရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။