Wednesday, October 4, 2023
HomeEntertainmentမတရားမှုကို တိုက်ခိုက်မယ့် အမြွှာညီအစ်မနှစ်ယောက်ဇာတ်လမ်းကိုကြည့်ရမယ့် "The Two Fates"

မတရားမှုကို တိုက်ခိုက်မယ့် အမြွှာညီအစ်မနှစ်ယောက်ဇာတ်လမ်းကိုကြည့်ရမယ့် “The Two Fates”

Kaew နဲ့ Chidchanok အမည်ရတဲ့ မိန်းကလေးနှစ်ယောက်ဟာ သူမတို့ဖခင်ရဲ့အမွေကို မတရားလိုချင်နေတဲ့ ဦးလေးဖြစ်သူကြောင့် ကွဲကွာခဲ့ရတဲ့ အမြွှာညီအစ်မတွေ ဖြစ်ကြပါတယ်။ Kaew ဟာ ရက်စက်ကြမ်းကြုတ်တဲ့ မိခင်၊ ညီမလေးတစ်ယောက်တို့နဲ့အတူ ဆင်းရဲစွာကြီးပြင်းလာခဲ့ရကာ Chidchanok ကတော့ ပြင်သစ်သို့ထွက်ပြေးတိမ်းရှောင်ပြီးနောက် ဖခင်ဖြစ်သူနဲ့အတူ နေထိုင်ကြီးပြင်းခွင့်ရခဲ့သူပါ။

youtube.com

Chidchanok ဟာ သူမရဲ့မိခင်ကို ရှာဖွေရန်အတွက် ထိုင်းနိုင်ငံသို့ပြန်လာဖို့ဆုံးဖြတ်ခဲ့ပြီး မမျှော်လင့်ဘဲ သူမနဲ့ရုပ်ချင်းဆင်လွန်းတဲ့ Kaew နဲ့ ဆုံတွေ့ခဲ့ပေမယ့် ညီအစ်မတွေဖြစ်တယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ သူစိမ်းတွေအဖြစ် ဆုံတွေ့ခဲ့ကြပေမယ့် သွေးသားသံယောဇဉ်ကြောင့် အချင်းချင်းချစ်ခင်မိခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့ဟာ အမြွှာတွေဖြစ်ကြောင်းကို သိခဲ့ရပါတယ်။

youtube.com

မိခင်ဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း ဦးလေးဖြစ်သူရဲ့ အန္တရာယ်ကျော့ကွင်းကနေ လွတ်မြောက်အောင် အတူကြိုးစားကြမယ့် အမြွှာညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ကမ္ဘာနှစ်ခုရဲ့ ကောင်းကင် (The Two Fates) ထိုင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ Karun Komanuwong က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Green Ausadaporn Siriwattanakul, မင်းသား Kang Korn Sirisorn နဲ့ Dom Haetrakul တို့က အဓိကပါဝင်ထားကြပြီး Amarin Nitibhon, Tom Phollawat Manuprasert, Namfon Sueangsuda Lawanprasert, Aerin Yuktadatta နဲ့ တခြားသရုပ်ဆောင်များစွာက ကူညီအားဖြည့်ထားကြပါတယ်။

ကမ္ဘာနှစ်ခုရဲ့ ကောင်းကင် (The Two Fates) ထိုင်းရုပ်သံစီးရီးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုလို့ရနေပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: