Wednesday, October 4, 2023
HomeEntertainmentမိန်းကလေးတစ်ယောက် အချိန်ခရီးသွားကာ ကံကြမ္မာကိုပြောင်းလဲမယ့်ဇာတ်လမ်း "940920"

မိန်းကလေးတစ်ယောက် အချိန်ခရီးသွားကာ ကံကြမ္မာကိုပြောင်းလဲမယ့်ဇာတ်လမ်း “940920”

940920 ဟောင်ကောင်ဇာတ်လမ်းတွဲဟာ သိပ္ပံစိတ်ကူးယဉ် အချစ်ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး မင်းသမီး Sofiee Ng, Cecillia Choi နဲ့ မင်းသား Terrance Lau တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ကာ Rachel Kan, Chui Tien You, Tommy Chu, Kaki Sham, Jo Koo, Kiki Cheung နဲ့ တခြားသရုပ်ဆောင်တွေများစွာက ကူညီပံ့ပိုးပေးထားပါတယ်။

viu.com

ဇာတ်လမ်းပုံစံက Yeesa ဟာ သူမရဲ့ကံကြမ္မာကိုပြောင်းလဲရန်အတွက် အကြိမ်ပေါင်းများစွာ အချိန်ခရီးသွားခြင်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုတစ်ကြိမ်မှာတော့ သူမဟာ တစ်နှစ်အကြာတွင် ပြန်လည်နိုးထလာခဲ့ပြီး အရင်ကမသိဖူးတဲ့ လူတွေကြားထဲတွင် သူမရှိနေခဲ့ပါတယ်။

viu.com

ဘဝတွင်ဆုံးရှုံးခဲ့ရပြီး နေရာလွတ်သွားတယ်လို့ ခံစားရတဲ့ သူမဟာ ဒီတစ်ခေါက်မှာတော့ သူမရဲ့ကံကြမ္မာကို နောက်တစ်ကြိမ်ပြောင်းလဲစေဖို့ မတူညီတဲ့အရာတွေကိုရင်ဆိုင်ပြီး သူမရဲ့အပြန်လမ်းကို ရှာဖွေဖို့ကြိုးစားပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

940920 သိပ္ပံစိတ်ကူးယဉ် အချစ်ဒရာမာ ဟောင်ကောင်ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: