Now, We Are Breaking Up အချစ်ဒရာမာ ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသမီး Song Hye-kyo, Choi Hee-seo, မင်းသား Jang Ki-yong, Oh Se-hun, နဲ့ Kim Joo-hun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Lee Gil-bok က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Samhwa Networks နဲ့ United Artists Agency တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Now, We Are Breaking Up ဒရာမာဇာတ်လမ်းတွဲတွင် အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခြင်းမေတ္တာနဲ့ လမ်းခွဲခြင်းအကြောင်းကို မြင်တွေ့ရမှာပါ။
လူတိုင်းလိုလို ကြုံတွေ့နေကျ ဇာတ်လမ်းပုံစံမျိုးဖြစ်တဲ့ အချစ်နဲ့ လမ်းခွဲခြင်းဇာတ်လမ်းမျိုးဖြစ်ပြီး ဖက်ရှင်လုပ်ငန်းအတွင်းက ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို အခြေတည်ထားပါတယ်။

Ha Yeong-eun (Song Hye-kyo) ဟာ ‘The One’ အမည်ရတဲ့ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ ဒီဇိုင်းဌာနတွင် လုပ်ကိုင်နေတဲ့ ခေတ်မီတဲ့အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ Yoon Jae-gook (Jang Ki-yong) ကတော့ အောင်မြင်နေတဲ့ အလွတ်တန်း ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအချစ်ဇာတ်လမ်းမျိုး ဖြစ်ပေါ်လာမလဲဆိုတာကို ရင်ခုန်ဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။
ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Now, We Are Breaking Up ကိုးရီးယား အချစ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။