Club Friday the Series – Love Season Celebration: It Happens on Valentine’s Day ထိုင်းဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Koo Ekkasit Trakulkasemsuk က ရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Kwan Usamanee Vaithayanon, Lanlalin Tejasa Weckx, Cindy Sirinya Bishop, မင်းသား Mai Warit Sirisantana, Dom Haetrakul နဲ့ Jab Penpetch Benyakul တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက ချစ်သူများနေ့တွင် အဖြစ်အပျက်တချို့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတာပါ။ Muenprae ဟာ မကြာခင်လက်ထပ်တော့မယ့် သူမရဲ့ချစ်သူ Tan အပေါ် လိမ်ညာလှည့်စားကာ Wiwat ဆိုသူနဲ့ လျှို့ဝှက်တဲ့ ဆက်ဆံရေးရှိနေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ချစ်သူများနေ့ကို နှစ်ယောက်တည်းဖြတ်သန်းဖို့ ပြင်ဆင်ထားခဲ့ကြတာပါ။ ဒါပေမယ့် Wiwat ရဲ့ဇနီးဖြစ်သူ Yuwadee နဲ့ Tan တို့ဟာ အမှန်တရားကို သိသွားခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ဖက်တွင်လည်း Kim ဆိုတဲ့ အမျိုးသမီးလေးရဲ့ဘဝတွင် အမျိုးသားသုံးယောက် ဝန်းရံနေခဲ့တာပါ။ သူမအပေါ် လိမ်ညာလှည့်စားနေတဲ့ ချစ်သူကောင်လေး Aek, သူမကိုတရားဝင် ဇနီးမယားဖြစ်စေချင်တဲ့ Sira နဲ့ သူမကို အလေးအနက်မထားလိုတဲ့ Tan တို့ပဲ ဖြစ်ပါတယ်။ Kim တစ်ယောက် သူမရဲ့ချစ်သူများနေ့ကို ဘယ်လိုမျိုး ဖြတ်သန်းမလဲဆိုတာကို ကြည့်ရှုရမယ့် ရှုပ်ထွေးလှတဲ့ အချစ်ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
It Happens on Valentine’s Day ထိုင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။