Wednesday, October 4, 2023
HomeEntertainmentမလေးရှားဗားရှင်း အသစ်ထွက်ရှိထားတဲ့ "She Was Pretty"

မလေးရှားဗားရှင်း အသစ်ထွက်ရှိထားတဲ့ “She Was Pretty”

She Was Pretty ဒရာမာဇာတ်လမ်းတွဲဟာ 2022 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ မလေးဒရာမာဇာတ်လမ်းတွဲသစ် တစ်ခုဖြစ်ပြီး ဒါရိုက်တာ Yusry Abdul Halim က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ မင်းသမီး Diana Danielle, မင်းသား Aiman Hakim Ridza, Alvin Chong နဲ့ တခြားအနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

viu.com

အချစ်ဟာသအမျိုးအစား ဒီဇာတ်လမ်းတွဲလေးဟာ ဟိုးအရင်က ငယ်ချစ်တွေဖြစ်ခဲ့ဖူးသူနှစ်ဦးဟာ 15 နှစ်အကြာမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ဝန်ထမ်းတွေအဖြစ် ပြန်လည်ဆုံတွေ့ကြပုံကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ Nadia နဲ့ Haniff တို့ဟာ အိမ်နီးချင်းကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ Haniff ဟာ ခပ်ဝဝကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူ Nadia ကတော့ ချောမောလှပပြီး နာမည်ကြီးသူတစ်ယောက်ပါ။

တစ်နေ့မှာတော့ Haniff ဟာ သူ့မိသားစုနဲ့အတူ နိုင်ငံခြားကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ 15 နှစ်ကြာပြီးနောက်မှာတော့ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါပြီ။ Nadia ဟာ ဆံပင်ကောက်ကောက်နဲ့ မျက်နှာတွင် တင်းတိပ်တွေပြည့်နေပြီး အရင်ကလို ချောမောလှပသူတစ်ယောက် မဟုတ်တော့ပါဘူး။ သူမကို ပတ်ဝန်းကျင်ကလူတွေက လှောင်ပြောင်စနောက်လေ့ရှိကြပြီး ကံကောင်းစွာနဲ့ သူမအနားတွင် Jo ဆိုတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ရှိနေခဲ့ပါတယ်။

youtube.com

Jo ဟာ ကြင်နာတတ်သူတစ်ယောက်ဖြစ်ကာ လူတိုင်းက သူမကိုနှစ်သက်ကြပါတယ်။ Jo က Nadia နဲ့ သူငယ်ချင်းတွေဖြစ်ရတာကို စိတ်ညစ်ငြိုငြင်တာမျိုးမရှိဘဲ သူငယ်ချင်းအတွက် အမြဲတမ်းအားပေးပံ့ပိုးပေးတတ်တာပဲ ဖြစ်ပါတယ်။ Nadia ဟာ The Most မဂ္ဂဇင်းရဲ့ ယာယီဝန်ထမ်းတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်နေပြီး အမြဲတမ်းဒေါသထွက်နေတတ်သူပါ။ Nadia ရဲ့လုပ်ဖော်ကိုင်ဖက် Ashraf က အမြဲတမ်း သူမအတွက် ကယ်တင်ရှင်ဖြစ်နေပေးတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ Jo တစ်ယောက် သူမကိုလူရမ်းကားတစ်ဦးဆီကနေ ကယ်တင်ပေးခဲ့တဲ့ Haniff ကို ချစ်မိသွားခဲ့တာပါ။

15 နှစ်ကြာပြီးနောက်မှာ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ Nadia နဲ့ Haniff တို့ရဲ့ အခြေအနေက ဘယ်လိုမျိုးဖြစ်လာမလဲ။ Haniff တစ်ယောက် ဟိုးအရင်ကလို မလှပတော့တဲ့ Nadia ကို မှတ်မိနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

She Was Pretty မလေးရှားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: