Wednesday, October 4, 2023
HomeEntertainmentမိသားစုကြား ဟာသဆန်ဆန် ပြဿနာလေးတွေကိုကြည့်ရမယ့် "Second Child Time"

မိသားစုကြား ဟာသဆန်ဆန် ပြဿနာလေးတွေကိုကြည့်ရမယ့် “Second Child Time”

ပျော်ရွှင်ခြင်း နှစ်ထပ်ကိန်း (Second Child Time) ဇာတ်လမ်းတွဲဟာ ဒါရိုက်တာ Wang Wei က ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဟာသဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Wang Xiao Chen နဲ့ မင်းသား Jiang Yi တို့က အဓိကပါဝင်ထားကာ Liu Ya Peng, Zhong Fu Xiang, Viola Mi, David Chen, Yang Qing, Han Qing နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

pinterest.com

ငွေရေးကြေးရေး ပြဿနာဟာ ဒုတိယမြောက်ကလေးယူဖို့အတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Jin Can Can ရဲ့မိခင်ဖြစ်သူက ဒုတိယကလေးယူဖို့ကို အားမပေးခဲ့ပေမယ့် Jin Can Can မှာ ဒုတိယမြောက်ရင်သွေးလေးရဲ့ကိုယ်ဝန် ရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလေးရဲ့တည်ရှိမှုက Jin Can Can ရဲ့မိသားစုတွင် ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

pinterest.com

ပျော်ရွှင်ခြင်း နှစ်ထပ်ကိန်း (Second Child Time) ဇာတ်လမ်းတွဲဟာ မိသားစုအတွင်း ဖြစ်ပေါ်နေကျ ပြဿနာလေးတွေနဲ့ အဓိကအားဖြင့် ကလေးကိစ္စဖြင့် ဖြစ်ပေါ်လာမယ့် သဘောထားမတိုက်ဆိုင်မှုလေးတွေကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

ပျော်ရွှင်ခြင်း နှစ်ထပ်ကိန်း (Second Child Time) မိသားစုဒရာမာ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: