Tong Xiao Qi နဲ့ Li Wen Yu တို့ဟာ 33 ရက်ကြာချိန်းတွေ့ပြီးနောက်တွင် လက်ထပ်လိုက်ကြတာကြောင့် သူတို့ရဲ့မိသားစု၊ သူငယ်ချင်းတွေက အရမ်းကိုအံ့သြသွားခဲ့ရပါတယ်။ ဒါပေမယ့် Tong ရဲ့မိခင်ဟာ အရမ်းကိုချုပ်ကိုင်ခြယ်လှယ်တတ်သူ ဖြစ်လို့နေပါတယ်။

မိခင်ဖြစ်သူနဲ့ အတူနေထိုင်စဉ်မှာ သူတို့ရဲ့လွတ်လပ်ရေးကို ကာကွယ်ရန်အတွက် ကြင်စဦးဇနီးမောင်နှံက ရှေးတရုတ်စစ်ပွဲ သုံးဆယ့်ခြောက်ဗျူဟာစာအုပ်ကို အသုံးပြုကာ မိခင်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို တိုက်ဖျက်ဖို့ကြိုးစားကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ချစ်ခြင်းပုစ္ဆာအဖြေရှာ (Good Wife 101) တရုတ်မိသားစု ဒရာမာဇာတ်လမ်းတွဲလေးတွင် မင်းသမီး Jiao Jun Yan နဲ့ မင်းသား Luo Jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး Ryan Tang, Du Yuan, Tien Niu, Wang Ting နဲ့ တခြားသရုပ်ဆောင်တွေများစွာက ကူညီအားဖြည့်ပေးထားပါတယ်။
ချစ်ခြင်းပုစ္ဆာအဖြေရှာ (Good Wife 101) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။