မုဆိုးငါးဖော် (Team Bulldog: Off-Duty Investigation) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Cha Tae-hyun, Jung Sang-hoon, Yoon Kyung-ho, Ji Seung-hyun နဲ့ မင်းသမီး Lee Sun-bin တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပြီး အက်ရှင်မှုခင်းဒရာမာ အမျိုးအစား ဖြစ်ပါတယ်။ ဒီဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Kang Hyo-jin က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

စိတ်အားထက်သန်ပြီး အထင်ကြီးစရာကောင်းသူတစ်ယောက်အဖြစ် လူသိများတဲ့ စုံထောက် Jin Kang-ho ဟာ လိုက်ဖမ်းဖို့တာဝန်ပေးခံရတဲ့ လူဆိုးတွေကို လုံးဝအလွတ်မပေးတတ်သူ တစ်ယောက်ပဲဖြစ်ပါတယ်။ အမှုကိစ္စတွေကို ဖြေရှင်းရန်အတွက် စိတ်အားထက်သန်မှုရှိလှတဲ့ Kang-ho ဟာ သူ့ရဲ့တာဝန်တွေကို တစ်ယောက်တည်းလုပ်ဆောင်ရတာကို သဘောကျနှစ်သက်သူလည်းဖြစ်ကာ တစ်ယောက်တည်းလုပ်ဆောင်ရတာက သူ့အတွက်ပိုကောင်းမွန်အဆင်ပြေတယ်ဟု မှတ်ယူထားသူပဲ ဖြစ်ပါတယ်။

Kang-ho က တာဝန်တွေကို တစ်ယောက်တည်းလုပ်ဆောင်တာက ပိုကောင်းမွန်တယ်လို့ မှတ်ယူထားသူပါ။ အနည်းဆုံးတော့ အဆင့်နိမ့်စုံစမ်းစစ်ဆေးရေးရဲ့ producer ဖြစ်သူ Kang Moo-young နဲ့ မတွေ့ဆုံခင်အထိပေါ့။ Kang-ho လိုပဲ Moo-young ဟာ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့နဲ့ အမှုတွေကိုဖြေရှင်းဖို့ စိတ်အားထက်သန်လှသူ ဖြစ်ပါတယ်။ မှုခင်းတွေကိုဖြေရှင်းဖို့ စိတ်အားထက်သန်သူ နှစ်ယောက်ပေါင်းမိတဲ့အခါမှာတော့ မတရားမှုတွေကို ဘယ်လိုမျိုးပူးပေါင်းတိုက်ထုတ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
မုဆိုးငါးဖော် (Team Bulldog: Off-Duty Investigation) ကိုးရီးယားဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။