Wednesday, October 4, 2023
HomeEntertainmentရုပ်ရှင်ရုံဟောင်းကြီးထဲက ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေကို ကြည့်ရှုရမယ့် ‘မဟူရာရုပ်ရှင်ရုံ’

ရုပ်ရှင်ရုံဟောင်းကြီးထဲက ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေကို ကြည့်ရှုရမယ့် ‘မဟူရာရုပ်ရှင်ရုံ’

မဟူရာရုပ်ရှင်ရုံဇာတ်ကားတွင် သရုပ်ဆောင်တွေအဖြစ် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ နန်းစုဦးနဲ့ Riya Ray တို့ပါဝင်ထားကြတာ ဖြစ်ပါတယ်။ 2019 ခုနှစ်ကပြသခဲ့တဲ့ ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်ကာ ဇာတ်ညွှန်း၊ ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားတာပါ။

moviebuff.com

ဒီဇာတ်ကားထဲမှာတော့ ဇာတ်ကောင် ဉာဏ်လင်းအောင်အဖြစ် နေတိုး၊ ရဲသီဟအဖြစ် ကျော်ကျော်ဗိုလ်၊ ကျော်စွာအဖြစ် မင်းသွေး၊ ရတီအဖြစ် နန်းစုဦးနဲ့ Riya အဖြစ် Riya Ray တို့ကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက ရုပ်ရှင်ရိုက်ကူးသူ သူငယ်ချင်းလေးယောက်တို့ဟာ တစ်ချိန်က ခမ်းနားကြီးကျယ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ရပ်ဆိုင်းထားပြီး အသုံးမပြုတော့တဲ့ ရုပ်ရှင်ရုံကို ရိုက်ကူးရေးပြုလုပ်ဖို့ ငှားရမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ရုံကြီးထဲမှာတော့ သူတို့လုံးဝမသိသေးတဲ့ အကြောင်းအရာတွေနဲ့ ထိတ်လန့်ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေက စောင့်ကြိုနေခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရုံကြီးထဲကနေ သူတို့လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို မြန်မာရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။

‘မဟူရာရုပ်ရှင်ရုံ’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: