Thursday, December 7, 2023
HomeEntertainmentရွာသားတွေ ပျောက်ဆုံးနေခြင်းနောက်ကွယ်က အမှန်တရားကို ရှာဖွေကြမယ့်သူများ "Missing: The Other Side Season 2"

ရွာသားတွေ ပျောက်ဆုံးနေခြင်းနောက်ကွယ်က အမှန်တရားကို ရှာဖွေကြမယ့်သူများ “Missing: The Other Side Season 2”

Missing: The Other Side ကိုးရီးယားဒရာမာ ဇာတ်လမ်းတွဲဟာ 2022 ခုနှစ်မှာတော့ season 2 အနေနဲ့ ပရိသတ်ကြီးဆီကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လျှို့ဝှက်ဆန်းကြယ် သဘာဝလွန် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Min Yeon Hong နဲ့ Lee Ye Rim တို့က ရိုက်ကူးပုံဖော်ထားကာ Ban Ki Ri နဲ့ Jung So Young တို့က ဇာတ်ညွှန်းရေးသားထားကြတာ ဖြစ်ပါတယ်။

pinterest.com

ဒီလျှို့ဝှက်ဆန်းကြယ် သဘာဝလွန် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတွင် မင်းသား Go Soo, Heo Joon Ho, Ha Joon, Kim Dong Hwi, မင်းသမီး Ahn So Hee နဲ့ Lee Jung Eun တို့က အဓိကပါဝင်ထားကြပြီး တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

pinterest.com

ဇာတ်လမ်းပုံစံက 3 Gongdan အမည်ရှိရွာတွင် Kang Eun Sil, Oh Il Yong အပါအဝင် တခြားနေထိုင်သူရွာသားတွေ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Kim Wook, Jang Pan Seok, Lee Jong A နဲ့ စုံထောက် Shin Joon Ho တို့ဟာ ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတွေကိုရှာဖွေကာ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို လိုက်ရှာကြပုံကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။  

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Missing: The Other Side Season 2 ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d