‘အမှတ်တရနွေ’ မြန်မာရုပ်သံစီးရီးလေးဟာ 1960 ပြည့်လွန်နှစ်တွေက လူငယ်နှစ်ဦးရဲ့ လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ တစ်ခုသောနွေရာသီမှာ မမျှော်လင့်ဘဲဆုံတွေ့ခဲ့ကြတဲ့ ခွန်နောင်နဲ့ မေစီတို့ကြားက ဘယ်တော့မှပျောက်ပျက်မသွားမဲ့ အမှတ်တရတွေနဲ့ ထာဝရတည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာကို ခံစားကြရမဲ့ မြန်မာဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။

တချို့သောချစ်ခြင်းတွေက ဆုံစည်းခွင့်မရခဲ့ကြပေမဲ့ ဘယ်တော့မှပျောက်ကွယ်မသွားဘဲ ရင်ထဲက ဟိုးအနက်ရှိုင်းဆုံးတစ်နေရာမှာ ထာဝရရှင်သန်နေဆဲပါ။ ‘1960’ ပြည့်နှစ်တွေရဲ့ အငွေ့အသက်တွေ၊ တောင်ပေါ်ဒေသရဲ့ လှပတဲ့နွေရာသီရှုခင်းတွေနဲ့ ငယ်ရွယ်နုပျိုတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ လွမ်းမောဖွယ်အဖြစ်အပျက်လေးကို လှပစွာရိုက်ကူးပုံဖော်ထားတဲ့ ‘အမှတ်တရနွေ’ ဇာတ်လမ်းတွဲဟာ ကြည့်ရှုသူတိုင်းရဲ့ရင်ထဲကို ထိရှမိစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်
ဖြစ်ပါတယ်။


‘အမှတ်တရနွေ’ မြန်မာရုပ်သံစီးရီးကို ဆောင်းညပြာသိုထုတ်လုပ်ရေးက ထုတ်လုပ်ထားပြီး ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ လင်းဇာနည်ဇော်၊ Everest မိုး၊ ဝင်းခန့်မိုး နဲ့ သိမ်မွေ့သန့်စင် တို့က အဓိကပါဝင်ထားကြပါတယ်။ တစ်ခေတ်တစ်ခါက အချစ်ဇာတ်လမ်းလေးကိုကြည့်ရှုရင်း ကိုယ့်ဘဝရဲ့တစ်ချိန်က မေ့ပျောက်မရနိုင်သေးတဲ့ ချစ်ခြင်းကိုအမှတ်ရမိစေမဲ့ ‘အမှတ်တရနွေ’ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် အခုပဲကြည့်ရှုလိုက်ပါ။