‘ရတနာတို့ရဲ့ပြည်နန်းဘုံ’ အိန္ဒိယဇာတ်လမ်းတွဲကို Dinesh Mahadev Munge, Surajj Rao နဲ့ Shyam Kalgutkar တို့က ရိုက်ကူးထားပြီး မင်းသမီး Vaani Sood, Neha Solanki, Gracy Goswami, Aparna Kumar နဲ့ မင်းသား Shakti Anand, Ankit Gupta, Harshad Arora တို့ကအဓိကပါဝင်ထားပြီး တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

‘ရတနာတို့ရဲ့ပြည်နန်းဘုံ’ ဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ်ဒရာမာအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းပုံစံက မင်းသမီးသုံးယောက်ဖြစ်တဲ့ Pranali, Eshwarya နဲ့ Garima တို့ဟာ သူတို့ရဲ့တိုင်းပြည်ကို ပျက်စီးခြင်းကနေ ကယ်တင်ဖို့အတွက် မကောင်းဆိုးဝါးတွေကို တိုက်ထုတ်ဖို့ကြိုးစားကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သမီးတော်သုံးယောက်အဖြစ် Vaani Sood, Neha Solanki နဲ့ Gracy Goswami တို့က သရုပ်ဆောင်ထားပြီး မင်းသား Shakti Anand ကတော့ မင်းသမီးတွေရဲ့ဖခင်နဲ့ Maling တိုင်းပြည်ရဲ့ ရှင်ဘုရင်ကြီးအဖြစ် ပါဝင်ထားကာ Harshad Arora ကတော့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ Mahapuram ရဲ့ စွမ်းအားကြီးမားတဲ့ မကောင်းဆိုးဝါးမင်းသား Angad အဖြစ် တွေ့မြင်ရမှာပါ။

အိန္ဒိယဇာတ်လမ်းတွဲပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ‘ရတနာတို့ရဲ့ပြည်နန်းဘုံ’ အိန္ဒိယဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။