စွမ်းအားရှင် စုံထောက် (Memorist) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2020 ခုနှစ်ထွက် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Yoo Seung-ho, Jo Sung-ha နဲ့ မင်းသမီး Lee Se-young တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာ Jae Hoo ရဲ့နာမည်တူ Daum webtoon ကို အခြေခံရိုက်ကူးထားတာပါ။

လူတွေရဲ့မှတ်ဉာဏ်တွေကို ဖတ်ရှုနိုင်စွမ်းရှိတဲ့ Dong Baek ဟာ ရဲတပ်ဖွဲ့စုံထောက်တစ်ယောက်အနေဖြင့် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးလာတဲ့အခါမှာတော့ Dong Baek ဟာ လူသတ်သမားကိုရှာဖွေပြီး နောက်ထပ်သေဆုံးမှုတွေကို တားဆီးဖို့ အရည်အချင်းရှိတဲ့ ရာဇဝတ်မှုခင်း စစ်ဆေးရေး ကျွမ်းကျင်သူ Han Sun-mi နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ လူသတ်သမားကိုရှာဖွေကြတဲ့အချိန်မှာတော့ ဒီအမှုဟာ သူတို့ထင်ထားတာထက် ပိုရှုပ်ထွေးနက်နဲနေခဲ့တာပါ။
ဤဇာတ်လမ်းတွဲတွင် မင်းသား Yoo Seung-ho က Dong Baek အဖြစ်ပါဝင်ထားပြီး ရာဇဝတ်ကောင်တွေကိုဖမ်းရန် အရမ်းကိုစိတ်အားထက်သန်တဲ့ ရဲတစ်ယောက်အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သူဟာ လူတစ်ယောက်ရဲ့အရေပြားကို ထိတွေ့လိုက်ရုံနဲ့ အဲဒီလူရဲ့ မှတ်ဉာဏ်တွေကို ဖတ်ရှုနိုင်တဲ့ သဘာဝလွန်စွမ်းအားကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

မင်းသမီး Lee Se-young ကိုတော့ အထူးစုံစမ်းရေးအဖွဲ့ချုပ်ရဲ့ အသက်အငယ်ဆုံး ကြီးကြပ်ရေးမှူး Han Sun-mi အဖြစ် မြင်တွေ့ရမှာဖြစ်ကာ သူမဟာအစက ရှေ့နေတစ်ဦးဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့အနှစ် 20 က သူမဖခင်သေဆုံးမှုနဲ့ပတ်သက်ပြီး အမှန်တရားကိုရှာဖွေရန် ရဲအရာရှိဖြစ်လာခဲ့ပါတယ်။ မင်းသား Jo Sung-ha က ရဲဌာနတစ်ခုလုံးရဲ့ အကြီးအကဲ Lee Shin-woong အဖြစ် ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
စွမ်းအားရှင် စုံထောက် (Memorist) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။