ကြိုးဖုန်း ရုပ်ရှင်ဇာတ်ကားကြီးဟာ 2019 ခုနှစ်ကပြသခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ အာကာက ရိုက်ကူးထားတာဖြစ်ကာ သရုပ်ဆောင်တွေအနေနဲ့ ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ ရွှေအိမ်စည်၊ ရဲနောင်နဲ့ အောင်ရဲထွေးတို့က အဓိကပါဝင်ထားကြပါတယ်။ Golden Hour Film Production ကနေထုတ်လုပ်ထားပြီး 2019 တွင် မြန်မာတစ်နိုင်ငံလုံး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

ကြိုးဖုန်းဇာတ်ကားတွင် ဇာတ်ကောင် ရဲသွေးအဖြစ် ဖြိုးငွေစိုး၊ သိမ်းချစ်ရာအဖြစ် အိန္ဒြာကျော်ဇင်၊ နန်းအိမ်ရှင်အဖြစ် ရွှေအိမ်စည်၊ စိုင်းနောင်အဖြစ် ရဲနောင်၊ ထူးလွင်အဖြစ် အောင်ရဲထွေးတို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံက ရဲသစ်မင်းဟာ ဓာတ်ပုံဆရာ၊ ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရဲသစ်မင်းနဲ့အတူ တွဲလုပ်နေတဲ့ ဇာတ်ညွှန်းရေးဆရာမရဲ့အမည်ကတော့ သိမ်းချစ်ရာဖြစ်ပြီး စိုင်းနောင်ဆိုသူဟာလည်း ရဲသစ်မင်းနဲ့အတူ တွဲလုပ်နေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။

သူတို့အားလုံးဟာ မော်ဒယ်နန်းအိမ်ရှင်နဲ့အတူ ရန်ကုန်မြို့နဲ့ဝေးတဲ့ နယ်ဘက်တွင် ရိုက်ကူးရေးပြုလုပ်ရန် သွားရောက်ခဲ့ကြတာဖြစ်ပြီး သိမ်းချစ်ရာရဲ့အဘွားအိမ်ဖြစ်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်ရှိတဲ့ အိမ်ကြီးမှာတည်းခိုခဲ့ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဘယ်လိုထိတ်လန့်စရာတွေက စောင့်ကြိုနေမလဲ သူတို့တွေဒီအခြေအနေကနေ ဘယ်လိုမျိုးအသက်ရှင်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ကြိုးဖုန်း မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။