Thursday, June 1, 2023
HomeEntertainmentဝေးခဲ့ကြတဲ့ချစ်သူနှစ်ဦးအကြောင်း လွမ်းဆွတ်ဖွယ်ဇာတ်လမ်းလေး "Madrasapattinam"

ဝေးခဲ့ကြတဲ့ချစ်သူနှစ်ဦးအကြောင်း လွမ်းဆွတ်ဖွယ်ဇာတ်လမ်းလေး “Madrasapattinam”

Madrasapattinam ဟာ 2010 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ အိန္ဒိယဇာတ်ကားဖြစ်ပြီး ဇာတ်ညွှန်း ဒါရိုက်တာအဖြစ် A.L.Vijay က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် မင်းသား Arya နဲ့ မင်းသမီး Amy Jackson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Nassar, Cochin Hanifa, Lisa Lazarus နဲ့ Alexx O’Nell တို့က ကူညီအားဖြည့်ပေးထားပါတယ်။

pinterest.com

အင်္ဂလိပ်ဘုရင်ခံရဲ့ သမီးဖြစ်သူ Amy Wilkinson နဲ့ ရွာသားတစ်ဦးဖြစ်တဲ့ Parithi တို့ဟာ ချစ်မိသွားခဲ့ကြပြီးနောက် အတူထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကိုပြန်လည်ဖမ်းမိသွားခဲ့ပြီး Amy ကို လန်ဒန်သို့ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ Amy ဟာ သူမရဲ့မြေးဖြစ်သူ Catherine နဲ့အတူ အရင်ကသူမရဲ့ချစ်ရသူကို ရှာဖွေဖို့ ဒီရွာလေးကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒီရွာလေးကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ အချိန်မှာတော့ Amy အတွက် ဟိုးအရင်က အမှတ်တရတွေဟာ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

pinterest.com

Amy တစ်ယောက် အတိတ်ကအကြောင်းအရာတွေကို ပြန်လည်သတိရလွမ်းဆွတ်မိပြီး အရင်ကအဖြစ်အပျက်တွေကို မနေ့တစ်နေ့ကလို ထင်ရှားရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်ပါတယ်။ တကယ်ပဲ Amy က သူ့ချစ်ရသူကို ရှာတွေ့နိုင်ပါ့မလား၊ နှစ်တွေအကြာကြီးဝေးကွာသွားခဲ့ကြတဲ့ Amy နဲ့ Parithi တို့ပြန်ဆုံနိုင်ပါဦးမလား။

Madrasapattinam အိန္ဒိယအချစ်ဇာတ်ကားလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: