Thursday, June 1, 2023
HomeEntertainmentသူစိမ်းသုံးယောက် တည်ဆောက်ထားတဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ မိသားစုလေးအကြောင်း ကြည့်ရမယ့် "Go Ahead"

သူစိမ်းသုံးယောက် တည်ဆောက်ထားတဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ မိသားစုလေးအကြောင်း ကြည့်ရမယ့် “Go Ahead”

အဆင်မပြေတဲ့ မိသားစုတွေမှာ ကြီးပြင်းလာခဲ့ရတဲ့ လူသုံးယောက်ဟာ သူတို့ရဲ့အိမ်တွင်ရှာမတွေ့နိုင်တဲ့ ချစ်ခြင်းမေတ္တာကို လိုချင်တောင့်တကြတာကြောင့် မိသားစုလိုမျိုး နွေးထွေးချစ်ခင်စွာ ဆက်ဆံကြပါတယ်။ အကြီးဆုံးအစ်ကို Ling Xiao, အလတ် He Zi Qiu နဲ့ ညီမအငယ်ဆုံးလေး Li Jian Jian တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သူတို့ရွေးချယ်ထားတဲ့လမ်းကို ပံ့ပိုးကူညီရင်း ဘဝရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို အတူမျှဝေနေထိုင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

pinterest.com

Ling Xiao နဲ့ He Zi Qiu အထက်တန်းကျောင်းပြီးဆုံးသွားတဲ့အချိန်မှာ သူတို့ရဲ့မူလမိသားစုတွေဆီကို ပြန်သွားခဲ့ကြပါတယ်။ ကိုးနှစ်အကြာမှာတော့ သူတို့သုံးဦးပြန်လည်ဆုံတွေ့ခဲ့ကြပေမယ့် သူတို့ရဲ့ အတိတ်ကမိသားစု ဝမ်းနည်းဖွယ်အဖြစ်အပျက်တွေက အရိပ်တစ်ခုလို လိုက်ပါနေဆဲပါ။ သူတို့သုံးယောက် ဒီပြဿနာတွေကို ပိုကောင်းမွန်တဲ့ပုံစံနဲ့ ဖြေရှင်းနိုင်ပြီး အကောင်းဆုံးရှင်သန်ရပ်တည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

pinterest.com

Go Ahead တရုတ်ဇာတ်လမ်းတွဲလေးကို Ding Zi Guang က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Wang Xiong Cheng နဲ့ Shui Qian Mo တို့က ဇာတ်ညွှန်းရေးသားထားတာ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် မင်းသား Zhang Xi Lin, Tu Song Yan, Zhang Xin Cheng, Song Wei Long နဲ့ မင်းသမီး Tan Song Yun တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။

Go Ahead တရုတ်ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: