ချောမောခန့်ညားတဲ့ သူမရဲ့သူဌေးကို ချစ်မိသွားခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သူမရဲ့အချစ်အတွက် သဘာဝလွန်လက်ဖက်ရည်ကို ဖန်တီးခဲ့တာပါ။ ဒါပေမယ့် ခါးသီးတဲ့အလှည့်အပြောင်းတစ်ခုက သူမအထင်အမြင်သေးမိတဲ့ နောက်ထပ်အမျိုးသားတစ်ဦးက ဒီလက်ဖက်ရည်ကို မတော်တဆသောက်မိလိုက်တာပါပဲ။

မထင်မှတ်ထားတဲ့ အခြေအနေကြောင့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး အလွဲလေးတွေနဲ့ ရယ်စရာအခိုက်အတန့်လေးတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ သူမသဘောကျမိတဲ့ သူဌေးရဲ့အချစ်ကို တကယ်ပဲရရှိနိုင်မှာလား ဒါမှမဟုတ် သူမရဲ့လက်ဖက်ရည်ကို မတော်တဆသောက်မိအောင် ကံကြမ္မာကစီစဉ်ထားတဲ့သူကရော သူမဘဝအတွက် တကယ်ပဲအရေးပါတဲ့သူ ဖြစ်လာပါ့မလားဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

မှော်နို့လက်ဖက်ရည် (My Bubble Tea) ထိုင်းဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီးချော Proy Manasaporn Chanchalerm, မင်းသား Mean Phiravich Attachitsataporn နဲ့ Nichkhun တို့က အဓိကပါဝင်ထားတာ ဖြစ်ကာ တခြားသရုပ်ဆောင်များစွာကလည်း ကူညီအားဖြည့်ပေးထားပါတယ်။
မှော်နို့လက်ဖက်ရည် (My Bubble Tea) ထိုင်းဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။