Thursday, June 1, 2023
HomeEntertainmentသဘာဝလွန် သည်းထိတ်ရင်ဖို မှုခင်းဒရာမာ တရုတ်ဇာတ်လမ်းတွဲ "Ink at Tai Ping"

သဘာဝလွန် သည်းထိတ်ရင်ဖို မှုခင်းဒရာမာ တရုတ်ဇာတ်လမ်းတွဲ “Ink at Tai Ping”

Taiping Street ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး အတွင်းဘက်တွင် အာဏာနဲ့ အကျိုးအမြတ်ကြား ဆက်နွယ်မှုကိုထိန်းသိမ်းထားဖို့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ အပြင်ဘက်ကကြည့်ရင်တော့ ဒီနေရာဟာ အေးချမ်းတယ်လို့ထင်ရပေမယ့် အတွင်းပိုင်းနေရာတိုင်းမှာတော့ အမှောင်ထုတွေဖုံးလွှမ်းနေခဲ့ပါတယ်။

viu.com

ဒီလမ်းပေါ်တွင် တက်တူးဆိုင်ဖွင့်ချင်နေတဲ့ Na Na ရဲ့ဇာတ်လမ်းလေးကို မြင်တွေ့ရမှာဖြစ်ပြီး မတော်တဆဖြစ်ရပ်တွေ၊ လက်စားချေခြင်း၊ ရင်ခုန်သံမြန်ဆန်မှုတွေ၊ သွေးထွက်သံယိုမှုတွေနဲ့ မျက်ရည်တွေကို အစပြုစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

viu.com

Ink at Tai Ping တရုတ်ဒရာမာဇာတ်လမ်းတွဲဟာ သည်းထိတ်ရင်ဖို သဘာဝလွန် ရာဇဝတ်မှုခင်း ဇာတ်လမ်းမျိုးဖြစ်ပြီး မင်းသား Kenny Wong နဲ့ မင်းသမီး Chrissie Chau တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ကာ Elaine Ng, Alex Lam, Alan Luk, Thor Lok, Helen Tam နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ink at Tai Ping သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: