သေမင်းတမန်လူသား (Black) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2017 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ စိတ်ကူးယဉ် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသား Song Seung-heo, Kim Dong-jun နဲ့ မင်းသမီး Go Ara တို့ အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Kim Hong-sun က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းကို Choi Ran က ရေးသားထားတာဖြစ်ကာ စိတ်ကူးယဉ် သည်းထိတ်ရင်ဖို ဟာသအချစ်ဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံက ထွက်ပြေးနေတဲ့ ပါတနာဖြစ်သူကို ခြေရာခံလိုက်နေတဲ့ သေမင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒီဖြစ်စဉ်တွင် လွန်ခဲ့တဲ့ နှစ်ပေါင်း 20 ခန့်က ကွင်းဆက်လူသတ်မှုတွေရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်လာခဲ့တာပါ။ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းက သေလွန်ပြီးသူတွေကို သူတို့သက်ဆိုင်ရာဘဝသို့ ပို့ဆောင်ခြင်း အဓိကအခန်းကဏ္ဍကို ရှုပ်ထွေးလာစေခဲ့တာပါ။

ဒါ့အပြင် သေမင်းဟာ လူသားကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ လူသားရေးရာတွင် ပါဝင်ပတ်သက်ခြင်းကို တားမြစ်ထားတဲ့ သဘာဝလွန်စည်းမျဉ်းတွေကို ဖောက်ဖျက်မိသွားခဲ့တာပါ။ သေမင်းနဲ့ လူသားကောင်မလေးတို့ကြား ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် စိတ်ကူးယဉ် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
သေမင်းတမန်လူသား (Black) ကိုးရီးယားဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။