Tuesday, October 3, 2023
HomeEntertainmentသရုပ်မှန်ကိုဖုံးကွယ်ထားတဲ့ တေးရေးဆရာနဲ့ အဆိုရှင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း "The Liar and His Lover"

သရုပ်မှန်ကိုဖုံးကွယ်ထားတဲ့ တေးရေးဆရာနဲ့ အဆိုရှင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း “The Liar and His Lover”

ကိုလူညာနှင့် သူ့ချစ်သူ (The Liar and His Lover) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Lee Hyun-woo, Lee Jung-jin, Lee Seo-won မင်းသမီး Joy (Park Soo-young) နဲ့ Hong Seo-young တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ကာ ဒါရိုက်တာ Kim Jin-min က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဒရာမာဇာတ်လမ်းတွဲဟာ Kotomi Aoki ရဲ့နာမည်ကြီး Japanese manga ဖြစ်တဲ့ Kanojo wa Uso o Aishisugiteru ကို အခြေခံရိုက်ကူးထားတာပါ။

youtube.com

ဇာတ်လမ်းပုံစံက အသည်းကွဲနေတဲ့ ထူးချွန်ပြောင်မြောက်တဲ့ တေးရေးဆရာ Kang Han-gyul နဲ့ အရည်အချင်းရှိ အဆိုတော်ကျောင်းသူလေး Yoon So-rim တို့ တွေ့ဆုံကာ ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ Yoon So-rim ရဲ့ ရိုးသားပြီး လှပတဲ့သီဆိုဟန်တွေက Han-gyul ကို အကြိမ်ကြိမ်ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ So-rim ဂီတလောကသို့ စတင်ဝင်ရောက်တဲ့အချိန်မှာတော့ Han-gyul ရဲ့ ဖုံးကွယ်ထားတဲ့ လိမ်ညာမှုတွေက စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

youtube.com

ကိုလူညာနှင့် သူ့ချစ်သူ (The Liar and His Lover) ဇာတ်လမ်းတွဲတွင် မင်းသား Lee Hyun-woo ကို တေးရေးဆရာ Kang Han-gyul အဖြစ်မြင်တွေ့ရမှာဖြစ်ကာ မင်းသမီး Joy (Park Soo-young) ကတော့ အသံကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အသက် 19 နှစ်အရွယ် ကျောင်းသူလေး Yoon So-rim အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကိုလူညာနှင့် သူ့ချစ်သူ (The Liar and His Lover) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: