Thursday, June 1, 2023
HomeEntertainmentသားသမီးတွေအတွက် အစွမ်းကုန်တိုက်ခိုက်သွားမယ့် မိဘတစ်စုရဲ့ဇာတ်လမ်း ‘The Parents League’

သားသမီးတွေအတွက် အစွမ်းကုန်တိုက်ခိုက်သွားမယ့် မိဘတစ်စုရဲ့ဇာတ်လမ်း ‘The Parents League’

ကလေးတွေအတွက် အကောင်းဆုံးက ဘာဖြစ်မလဲ။ ဖိစီးမှုကင်းတဲ့ ပတ်ဝန်းကျင် သို့ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို နေထိုင်နိုင်ဖို့လား။ ဒါမှမဟုတ် ကောင်းမွန်စွာစီစဉ်ပေးထားတဲ့ ဘဝအတွက်အစီအစဉ်တွေ သို့မဟုတ် ဘက်စုံထူးချွန်တဲ့စွမ်းရည်တစ်ခု ရှိနေဖို့လား။ ဘဝဟာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မူလတန်းဟာ ပထမဆုံးသော စစ်မြေပြင်ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ Armand ရဲ့ပံ့ပိုးကူညီမှုဖြင့် Nora ဟာ အလုပ်ကနေထွက်ပြီး မူလတန်းကျောင်းသားဘဝနဲ့ ကောင်းစွာလိုက်လျောညီထွေမှုမရှိတဲ့ သူတို့ရဲ့သမီးလေး Yoyo ကို ပြုစုစောင့်ရှောက်ရန် ကြိုးစားခဲ့ပါတယ်။ ကျောင်းအုပ်ကြီး Kong မှ စိတ်ဖိစီးမှုကင်းစင်တဲ့ ပညာရေးမူဝါဒကိုဖော်ဆောင်ပေးထားတဲ့ မူလတန်းကျောင်းသစ်သို့ ပြောင်းရွှေ့လိုက်တဲ့အခါမှာတော့ Yoyo တစ်ယောက် အရမ်းကိုတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

pinterest.com

အဲဒီအချိန်မှာ Nora ကလည်း Venus ရဲ့အကူအညီဖြင့် အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်လာရန် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့အချိန်လေးတွေဟာ ကြာရှည်မခံခဲ့ဘဲ ချမ်းသာကြွယ်ဝတဲ့ မိဘတွေဖြစ်ကြတဲ့ Charles တို့မှ ကျောင်းရဲ့ယှဉ်ပြိုင်စွမ်းရည်ကို တိုးတက်စေဖို့ ဖိအားပေးလာခဲ့ပါတယ်။ Nora ဟာ သူမနဲ့တူညီတဲ့ခံယူချက်တွေရှိတဲ့ မိဘတွေကိုစုစည်းပြီး သူတို့ရဲ့ကလေးတွေအတွက် ဖော်ရွေပြီးပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ရည်ရွယ်တဲ့ “Anti-cramming Alliance” ကို ဖွဲ့စည်းခဲ့ပါတယ်။

သားသမီးလေးတွေအတွက် ထားရှိကြတဲ့ မိဘတွေရဲ့ကြိုးပမ်းမှုနဲ့ ရည်မှန်းချက်တွေကို တွေ့မြင်ရမယ့် ‘The Parents League’ ဟောင်ကောင်မိသားစု ဇာတ်လမ်းတွဲတွင် မင်းသမီး Gigi Leung, Catherine Chau, မင်းသား Johnny Hui နဲ့ Poon Chan Leung တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: