Thursday, June 1, 2023
HomeEntertainmentအကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်သွားမယ့် စီးပွားရေးသမားတစ်ယောက်ရဲ့ဇာတ်လမ်း "Businessman"

အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်သွားမယ့် စီးပွားရေးသမားတစ်ယောက်ရဲ့ဇာတ်လမ်း “Businessman”

Businessman ဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ အိန္ဒိယအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသား Mahesh Babu, Prakash Raj နဲ့ မင်းသမီး Kajal Aggarwal တို့ကအဓိကပါဝင်ထားတာဖြစ်ကာ Nassar, Sayaji Shinde, Raza Murad, Subbaraju, Brahmaji နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

youtube.com

ဒီဇာတ်ကားဟာ ရည်မှန်းချက်ကြီးမားတဲ့ Vijay Surya အမည်ရှိတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ Vijay Surya ရဲ့ရည်ရွယ်ချက်က ပြည်တွင်းလူဆိုးဂိုဏ်းသားအဖြစ်မှ သြဇာကြီးမားတဲ့စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ Vijay Surya ဟာ ပြည်တွင်းနိုင်ငံရေးသမားတစ်ယောက်ကို ကူညီပြီး ကော်မရှင်အဖွဲ့ဝင်သမီးကို ထောင်ချောက်ဆင်ပြီးတော့ သူ့ရဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

youtube.com

နောက်ပိုင်းတွင် Vijay Surya ရဲ့ရည်ရွယ်ချက်က အကျင့်ပျက်ခြစားတဲ့စနစ်ကို ဆန့်ကျင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Vijay Surya ဟာ သူ့ရဲ့ရန်သူတွေနဲ့ ရဲတွေဆီကနေ ကြမ်းတမ်းတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ကာ ရှေ့ဆက်ပြီး သူ့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Businessman အိန္ဒိယအက်ရှင်ဇာတ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: