Tuesday, October 3, 2023
HomeEntertainmentအကျင့်ပျက်ရဲကို တိုက်ထုတ်သွားမယ့် ဒေသခံလူဆိုးရဲ့ဇာတ်လမ်း "မာရီ"

အကျင့်ပျက်ရဲကို တိုက်ထုတ်သွားမယ့် ဒေသခံလူဆိုးရဲ့ဇာတ်လမ်း “မာရီ”

‘မာရီ’ အိန္ဒိယဇာတ်ကားကို ဇာတ်ညွှန်း ဒါရိုက်တာအဖြစ် Balaji Mohan က ရိုက်ကူးပုံဖော်ထားပြီးတော့ မင်းသား Dhanush, Robo Shankar, Kalloori Vinoth, Kaali Venkat, Mime Gopi, အဆိုတော် Vijay Yesudas, မင်းသမီး Kajal Aggarwal နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားတွင် မင်းသား Dhanush ကို ဒေသခံလူဆိုး Maari အဖြစ် မြင်တွေ့ကြရမှာပါ။

pinterest.com

ရဲတပ်ကြပ်ကြီး Arumugam ဟာ ပြိုင်ဘက်ကိုသတ်ပြီးနောက် နာမည်ကြီးလာခဲ့တဲ့ ဒေသခံလူဆိုးတစ်ဦးဖြစ်သူ Maari အကြောင်းကို ဒုရဲအုပ်သစ် Arjun နဲ့ဆွေးနွေးနေခဲ့ပါတယ်။ Maari ဟာ စိတ်တိုလွယ်သူဖြစ်ပြီး သူ့ရဲ့နောက်လိုက် Sanikilamai နဲ့ Adithangi တို့နဲ့အတူ ရပ်ကွက်အတွင်းရှိလူတွေကို အဆက်မပြတ်နှောင့်ယှက်ကာ ငွေညှစ်လေ့ရှိတာဖြစ်ပြီး သူ့ရဲ့သူဌေး Velu ရဲ့လက်အောက်တွင် အလုပ်လုပ်ကိုင်နေခဲ့တာပါ။  

Maari ဟာ Velu ရဲ့လက်အောက်တွင် အလုပ်လုပ်တဲ့ အခြားဒေသခံလူဆိုး ‘Bird’ Ravi နဲ့ မကြာခဏရန်ဖြစ်လေ့ရှိတာပါ။ တစ်နေ့တွင် Sridevi အမည်ရှိ အမျိုးသမီးတစ်ဦးဟာ Maari အုပ်စိုးတဲ့နယ်ပယ်တွင် ဆိုင်ဖွင့်ရန်ကြိုးစားရင်း စီးပွါးရေးလုပ်ငန်းသို့ ဝင်ရောက်လာခဲ့ပါတယ်။ Maari ဟာ ဖောက်သည်အချို့ဆုံးရှုံးသွားပြီးနောက် သူမကိုဒေါသဖြစ်ကာ သူ့ကို သူမရဲ့လုပ်ငန်းပါတနာအဖြစ် အတင်းအကျပ်လက်ခံခိုင်းခဲ့ပါတယ်။

pinterest.com

Sridevi ဟာ ဒုရဲအုပ်သစ် Arjun ကို ကူညီဖို့ဆုံးဖြတ်ခဲ့ပြီး Maari နဲ့ ရင်းနှီးပြီး ချစ်မိဟန်ဆောင်ကာ သူကိုယ်တိုင်ဝန်ခံထားတဲ့ သက်သေအထောက်အထားတွေနဲ့ သူ့ကိုဖမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Maari ကို Arjun က ဖမ်းဆီးနိုင်ခဲ့ပြီး ခုနစ်လအကြာမှာတော့ လွတ်မြောက်လာခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Arjun ဟာ အကျင့်ပျက်ရဲတစ်ဦးဖြစ်ပြီး မှောင်ခိုလုပ်ငန်းကို လုပ်ဆောင်နေခဲ့တာဖြစ်ကာ Maari က သူ့ကိုလက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

‘မာရီ’ အိန္ဒိယဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: