Today’s Webtoon ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသမီး Kim Se-jeong, မင်းသား Choi Daniel နဲ့ Nam Yoon-su တို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ manga series တစ်ခုဖြစ်တဲ့ Jūhan Shuttai ကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ဒရာမာကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

Today’s Webtoon ဇာတ်လမ်းတွဲကို ဒါရိုက်တာ Jo Soo-won နဲ့ Kim Young-hwan တို့ကရိုက်ကူးပုံဖော်ထားတာဖြစ်ကာ ဂျူဒိုအားကစားသမားဟောင်း On Ma-eum ဟာ အားကစားသမားဘဝကနေ အနားယူပြီးနောက် webtoon editor အဖြစ် အလုပ်သစ်တွင် လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေရတဲ့ဇာတ်လမ်းလေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာ မင်းသမီး Kim Se-jeong ကို webtoon editorial department ရဲ့ဝန်ထမ်းသစ်လေး On Ma-eum အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး မင်းသား Choi Daniel ကတော့ မှန်းဆရခက်ပြီး On Ma-eum အတွက် အားကိုးရလောက်တဲ့ လမ်းညွှန်သူ လက်ထောက်အယ်ဒီတာ Seok Ji-hyung အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။
Today’s Webtoon ကိုးရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။