နှစ်သစ်ကူးနေ့ဟာ အသစ်အသစ်သော အရာတွေစတင်ဖြစ်ပေါ်ခြင်းရဲ့ အစဖြစ်ပါတယ်။ တချို့သောဆက်ဆံရေးတွေဟာ ဒီလိုနေ့မျိုးမှာ စတင်တတ်ကြပြီး တချို့သောဆက်ဆံရေးတွေကတော့ ဒီနေ့မှာ အဆုံးသတ်ကြပါတယ်။

ဒီကမ္ဘာကြီးပေါ်မှာ အဆိပ်အတောက်ဆန်တဲ့ ဆက်ဆံရေးတွေနဲ့ ပြည့်နှက်နေပေမယ့်လည်း ဒဏ်ရာဒဏ်ချက်တွေကို ကုသပေးနိုင်တဲ့ ကောင်းမွန်တဲ့မေတ္တာတွေဟာလည်း တည်ရှိနေဆဲပဲ ဖြစ်ပါတယ်။ January 1 ရက်နေ့တွင် 00:00 အချိန်ကိုရောက်တာနဲ့တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူတို့ရဲ့အချစ်ခရီးကို ရှေ့ဆက်လျှောက်ဖို့မျှော်လင့်ချက်ဖြင့် သူ့ရဲ့ချစ်သူကို ‘Happy New Year’ ဟု တိုးတိုးလေးပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ကိုယ့်ဘေးနားမှာ ကြားခွင့်မရှိတော့တဲ့သူကိုပဲ တီးတိုးပြောဆိုတတ်တာပဲ ဖြစ်ပါတယ်။
ချစ်သူစုံတွဲတစ်တွဲဟာ အခက်အခဲတွေနဲ့ရင်ဆိုင်ရပေမယ့် အချစ်နဲ့ကောင်းမွန်ခြင်းတွေကို သံလိုက်အိမ်မြှောင်တစ်ခုလို ဘဝရဲ့လမ်းပြအဖြစ် အသုံးချတတ်ကြတာဖြစ်ပါတယ်။ တခြားစုံတွဲတစ်တွဲကတော့ ပျော်ရွှင်မှုတွေနဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းချင်ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်သစ်ကူး (Club Friday the Series – The Last Happy New Year) ထိုင်းဇာတ်လမ်းတွဲဟာ ချစ်ခြင်းမေတ္တာအပေါ် မတူညီတဲ့သဘောထားတွေရှိတဲ့ စုံတွဲနှစ်တွဲရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

ဤဇာတ်လမ်းတွဲတွင် မင်းသမီး Grace Karnklao Duaysienklao, Green Ausadaporn Siriwattanakul, မင်းသား Got Jirayu Tantrakul, Fluke Jira Danbawornkiat နဲ့ Sailub Hemmawich Khwanamphaiphan တို့က အဓိကပါဝင်ထားကြပါတယ်။
“Club Friday the Series – The Last Happy New Year” ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။