Wednesday, October 4, 2023
HomeEntertainmentအချစ်၊ အမုန်းနဲ့ စုံတွဲတွေကြားကအရှုပ်အယှက်တွေကို ကြည့်ရမယ့် Broken Anniversary

အချစ်၊ အမုန်းနဲ့ စုံတွဲတွေကြားကအရှုပ်အယှက်တွေကို ကြည့်ရမယ့် Broken Anniversary

Wandee ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ပထမခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းရန်ဆုံးဖြတ်ခဲ့ပြီး သူမရဲ့ဆယ်ကျော်သက်သမီးလေး Rose အတွက် တစ်ကိုယ်တည်းမိခင် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတွင် သူမဟာ Jaron ဆိုတဲ့အမျိုးသားနဲ့ တွေ့ဆုံခဲ့ပြီး သူနဲ့အတူ မိသားစုဘဝသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ သူတို့ရဲ့နှစ်ပတ်လည်နေ့တွင် Jaron ဟာ Rose နဲ့ ဆက်ဆံရေးရှိနေကြောင်းကို Wandee သိလိုက်ရတဲ့အချိန်မှာတော့ သူမအတွက် အရာအားလုံးပျက်စီးသွားပြီလို့ ခံစားခဲ့ရပါတယ်။

youtube.com

Rose ရဲ့အတန်းဖော်ဖြစ်တဲ့ Tong ဟာ သူမရဲ့မိသားစုနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးတွေ ရှိနေသူဖြစ်ပါတယ်။ သူမရဲ့အဖေ Wut မှာ ဇနီးသုံးယောက်ရှိပြီး အားလုံးက အိမ်တစ်အိမ်ထဲတွင် အတူနေထိုင်ကြပါတယ်။  Tong ဟာ မိခင်ဖြစ်သူက ဘာကြောင့်တခြားမိန်းမတွေကို တစ်အိမ်ထဲအတူနေဖို့ ခွင့်ပြုပေးခဲ့တယ်ဆိုတာကို လုံးဝနားမလည်နိုင်ပါဘူး။ Wandee နဲ့ Tong တို့က သူတို့ရဲ့မိသားစုပြဿနာတွေကို ဘယ်လိုမျိုးဖြေရှင်းကြမလဲ။

youtube.com

အသည်းကွဲနေ့စွဲ (Broken Anniversary) ထိုင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ K Chainarong Tampong က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မင်းသမီး Ae Isariya Saisanan, Nook Suttida Kasemsant Na Ayutthaya, Ple Paradee Wongsawat, Lilly Nichapalak Thongkham, မင်းသား Nike Nitidon Pomsuwan, Smart Krissada Pomweroji နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

အသည်းကွဲနေ့စွဲ (Broken Anniversary) ထိုင်းဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: