Wednesday, October 4, 2023
HomeEntertainmentအချိန်ခရီးသွား သမားတော်တစ်ဦးရဲ့ဇာတ်လမ်း "Live Up to Your Name, Dr. Heo"

အချိန်ခရီးသွား သမားတော်တစ်ဦးရဲ့ဇာတ်လမ်း “Live Up to Your Name, Dr. Heo”

ခေတ်သစ်ဂျိုဆွန်းသမားတော် (Live Up to Your Name, Dr. Heo) ကိုးရီးယားဇာတ်လမ်းတွဲဟာ အချိန်ခရီးသွား ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဂျိုဆွန်းခေတ်မှ ဆေးသိပ္ပံပညာရှင် Heo Im (Kim Nam-gil) နဲ့ ယနေ့ခေတ် ဆိုးလ်မြို့ရှိ ခွဲစိတ်ဆရာဝန် Choi Yeon-kyung (Kim Ah-joong) တို့ရဲ့တွေ့ဆုံမှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ လေးနှစ်ကြာပြီးနောက် မင်းသား Kim Nam-gil ရဲ့ ဖန်သားပြင်ပေါ် တစ်ကျော့ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပထမဆုံးဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်သစ်ဂျိုဆွန်းသမားတော် (Live Up to Your Name, Dr. Heo) ကိုးရီးယားဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းဟာ ကိုးရီးယားကေဘယ်လ်ရုပ်သံသမိုင်းတွင် အဆင့်သတ်မှတ်မှုအမြင့်ဆုံး အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။

Instagram

Heo Im (Kim Nam-gil) ဟာ အပ်စိုက်ကုထုံးကို အထူးပြုတဲ့ ဂျိုဆွန်းခေတ်တိုင်းရင်းသမားတော်တစ်ဦးဖြစ်ပါတယ်။ သူဟာ နေ့ဘက်တွေမှာ ဆေးခန်းတွင် ဆင်းရဲသားတွေအတွက် ဆေးကုသပေးပြီး ညဘက်တွေမှာတော့ မှူးမတ်များနဲ့ အရာရှိတွေရဲ့နေအိမ်တွေဆီကို လျှို့ဝှက်သွားရောက်ကာ ငွေကြေးမြင့်မားစွာဖြင့် ဆေးကုသပေးလေ့ရှိပါတယ်။

သူ့ရဲ့ကျွမ်းကျင်မှုကြောင့် ကျော်ကြားလာပြီးနောက် ဘုရင်ရဲ့ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကုသရန်တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ကံမကောင်းစွာနဲ့ပဲ သူဟာ နိုင်ငံတော်ပုန်ကန်မှုဖြင့် စွပ်စွဲခံရပြီး ထွက်ပြေးရင်း ရဲမက်တွေပစ်လိုက်တဲ့ မြားဒဏ်ရာဖြင့် မြစ်ထဲပြုတ်ကျကာ သေဆုံးသွားတယ်ဟု အားလုံးကထင်ခဲ့ကြပါတယ်။ ဒါပေမယ့် သေခြင်းတရားဟာ သူ့ဆီရောက်လာခဲ့ခြင်းမရှိပဲ သူနိုးထလာတဲ့အချိန်မှာတော့ ခေတ်သစ်ဆိုးလ်မြို့ကြီးကို ရောက်ရှိနေခဲ့တာပါ။

Instagram

နားလည်ရခက်တဲ့ အခြေအနေတွေနဲ့ ရှုပ်ထွေးမှုတွေကြား Shinhae ဆေးရုံမှနှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ Choi Yeon-kyung (Kim Ah-joong) နဲ့တွေ့ဆုံခဲ့ပါတယ်။ Heo Im ရဲ့ကံကြမ္မာက ဘာတွေဆက်ဖြစ်လာမလဲ Choi Yeon-kyung ကရော အချိန်ခရီးသွားခြင်းကို တကယ်ပဲလက်ခံယုံကြည်နိုင်ပါ့မလား ခေတ်ဟောင်းနဲ့ ခေတ်သစ်ဆေးပညာရပ်တွေကြား ဘယ်လိုဆန်းကြယ်မှုတွေ ဖြစ်ပေါ်လာဦးမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။

ခေတ်သစ်ဂျိုဆွန်းသမားတော် (Live Up to Your Name, Dr. Heo) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: