Thursday, June 1, 2023
HomeEntertainmentအင်ဂျင်နီယာဘွဲ့ရဖြစ်ပေမယ့် အလုပ်ရှာဖို့အတွက်ရုန်းကန်ရပုံကိုရိုက်ကူးထားတဲ့ "ဘွဲ့ရမှီခို"

အင်ဂျင်နီယာဘွဲ့ရဖြစ်ပေမယ့် အလုပ်ရှာဖို့အတွက်ရုန်းကန်ရပုံကိုရိုက်ကူးထားတဲ့ “ဘွဲ့ရမှီခို”

ဘွဲ့ရမှီခို (Velaiilla Pattadhari) ဇာတ်ကားဟာ 2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယဟာသဒရာမာ ဇာတ်ကားဖြစ်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် Velraj က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်ကားတွင် မင်းသား Dhanush, နဲ့ မင်းသမီး Amala Paul တို့ကအဓိကပါဝင်ထားကြပြီး Vivek, Saranya Ponvannan, Samuthirakani နဲ့ Surbhi တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။

ဒီဇာတ်ကားဟာ လေးနှစ်ကြာအလုပ်လက်မဲ့ဖြစ်နေတဲ့ ဘွဲ့ရတစ်ဦးဖြစ်တဲ့ Raghuvaran ဆိုသူအကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပြီး အလုပ်အကိုင်ရှာဖွေမှုတွင် တွေ့ကြုံရတဲ့ အခက်အခဲအတားအဆီးတွေကို အောင်မြင်စွာဖြတ်ကျော်ကာ နောက်ဆုံးတွင် အလုပ်အကိုင်ရရှိသွားပုံကို တွေ့မြင်ရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ပရိသတ်တွေဆီကနေ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေကိုလည်း ရရှိထားခဲ့တာပါ။

youtube.com

ဇာတ်လမ်းပုံစံက Raghuvaran ဟာ မြို့ပြအင်ဂျင်နီယာ ဘွဲ့ရတစ်ဦးဖြစ်ပေမယ့် အလုပ်လက်မဲ့ဖြစ်နေတာ လေးနှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ခံယူချက်က သူနဲ့သက်ဆိုင်တဲ့ အလုပ်နယ်ပယ်တစ်ခုတည်းကိုသာ လုပ်ကိုင်မှာဖြစ်ပြီး တခြားဘယ်အလုပ်အကိုင်အခွင့်အလမ်းကိုမှ လုပ်ကိုင်ခြင်းမရှိတာပါ။ ဖခင်ဖြစ်သူက Raghuvaran ကို တာဝန်မဲ့တယ်ဟု ယူဆတာကြောင့် ဖခင်ဖြစ်သူနဲ့ သူ့ရဲ့ကြားမှာ မကြာခဏဆိုသလို စကားများမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

Raghuvaran ရဲ့ညီဖြစ်သူ Karthik ကတော့ ကုမ္ပဏီကောင်းကောင်းတစ်ခုတွင် အလုပ်လုပ်နေပြီး ဝင်ငွေကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ဖခင်ရဲ့အသိအမှတ်ပြုမှုကို ခံထားရသူဖြစ်ပါတယ်။ မိခင် Bhavana ကတော့ Raghuvaran ကိုထောက်ခံအားပေးပြီး သူ့ဘက်ကနေ ရပ်တည်ပေးတာပါ။ ဒီကြားထဲတွင် Raghuvaran ဟာ သူ့အပေါ်မုန်းတီးအပြစ်မြင်နေတဲ့ အိမ်နီးချင်းမလေး Shalini အပေါ် ချစ်မိသွားခဲ့တာဖြစ်ပါတယ်။

youtube.com

ဘဝရဲ့အလှည့်အပြောင်းဆိုတာ ဘယ်သူမှကြိုတင်ခန့်မှန်းလို့မရဘဲ တကယ့်ကိုဆန်းကြယ်တဲ့ အရာပါ။ အင်ဂျင်နီယာဘွဲ့ကိုပိုင်ဆိုင်ထားပေမယ့် လေးနှစ်ကြာအလုပ်လက်မဲ့ဖြစ်နေခဲ့တဲ့ Raghuvaran တစ်ယောက် သူ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေကို ကြုံတွေ့လာရမလဲ။ သူချစ်တဲ့မိန်းကလေးကရော အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့ကို ရွေးချယ်ပါ့မလား။ သူ့ရဲ့အလုပ်အကိုင်အတွက် ဘယ်လိုမျိုးကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဟာသဒရာမာဇာတ်ကားလေး ဖြစ်ပါတယ်။

ဘွဲ့ရမှီခို (Velaiilla Pattadhari) ဇာတ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: