Thursday, June 1, 2023
HomeEntertainmentအောင်မြင်မှုဆီကို လျှောက်လှမ်းကြမယ့် လူငယ်တစ်စုရဲ့ဇာတ်လမ်း "Wannabe"

အောင်မြင်မှုဆီကို လျှောက်လှမ်းကြမယ့် လူငယ်တစ်စုရဲ့ဇာတ်လမ်း “Wannabe”

Wannabe ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ ဟစ်ဟော့ယဉ်ကျေးမှုဖြင့် အောင်မြင်မှုဆီသို့ လျှောက်လှမ်းနေကြတဲ့ ဘဝအလွှာပေါင်းစုံမှ သူငယ်ချင်းတစ်စုအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လိုချင်တောင့်တမှု၊ လက်ခံလိုစိတ်၊ ကျော်ကြားချင်စိတ်ပြင်းပြခြင်းနဲ့ လိုချင်တဲ့အချစ်ကို ရရှိနိုင်ဖို့ ဘဝအတွက် တိုက်ပွဲဝင်ကြမယ့် လူငယ်လေးတွေရဲ့ ကြိုးစားအားထုတ်မှုကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

viu.com

Wannabe ထိုင်းဇာတ်လမ်းတွဲဟာ musical drama အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Tom Nitiz Wongthed က ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Nonkul Chanon Santinatornkul, Gun Setthapong Eosuk, Dream Supakit Thinjun, Tanyook Soomchinda, မင်းသမီး Marina Sadanun Balenciaga, Noon Pitchatorn Santinatornkul နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြပါတယ်။

viu.com

ဒီဇာတ်လမ်းတွဲတွင် မင်းသား Nonkul Chanon Santinatornkul က ဇာတ်ကောင် Puen / Be Gun အဖြစ်ပါဝင်ထားပြီး မင်းသမီး Marina Sadanun Balenciaga က ဇာတ်ကောင် Wine အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။

Wannabe ဇာတ်လမ်းတွဲဟာ Viu original စီးရီးတစ်ခုဖြစ်ပြီး https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: