Thursday, June 1, 2023
HomeEntertainmentအဆိပ်စွမ်းအင်နဲ့မွေးဖွားလာတဲ့ မိန်းမတွေအကြောင်းရိုက်ကူးထားတဲ့ (Vish Ya Amrit: Sitara)

အဆိပ်စွမ်းအင်နဲ့မွေးဖွားလာတဲ့ မိန်းမတွေအကြောင်းရိုက်ကူးထားတဲ့ (Vish Ya Amrit: Sitara)

အဆိပ်နတ်သမီး ဆီတာရာ (Vish Ya Amrit: Sitara) ဟာ အိန္ဒိယသဘာဝလွန် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသမီး Adaa Khan က အဓိကဇာတ်ကောင် Sitara Shekhawat အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အဆိပ်နတ်သမီး ဆီတာရာ (Vish Ya Amrit: Sitara) အိန္ဒိယဇာတ်လမ်းတွဲကို ဒါရိုက်တာ Bhagwan Yadav က ရိုက်ကူးထားတာဖြစ်ကာ creative ဒါရိုက်တာတွေအဖြစ် Diana Chesun နဲ့ Aayush Agrawal တို့က ပါဝင်ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းတွဲဟာ 2018 ခုနှစ်က Colors TV တွင် ထုတ်လွှင့်ပြသခဲ့တဲ့ သဘာဝလွန် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက သာမန်လူတွေထက် ထူးခြားတဲ့စွမ်းအင်တွေနဲ့အတူ မွေးဖွားလာခဲ့တဲ့ Sitara ဟာ သူမရဲ့သရုပ်မှန်ကို ကိုယ်တိုင်နားမလည်ဘဲ ကြီးပြင်းလာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့မိခင်ရင်းအကြောင်း အမှန်တရားကို သိရှိပြီးနောက်မှာတော့ Sitara ဟာ လူကောင်းနဲ့ မကောင်းဆိုးဝါးကြားက သူမရဲ့ရွေးချယ်မှုဟာ ဘာဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သဘာဝလွန် ဇာတ်လမ်းတွဲဖြစ်ပါတယ်။

youtube.com

အဆိပ်နတ်သမီး ဆီတာရာ (Vish Ya Amrit: Sitara) တွင် မင်းသမီး Adda Khan, Shilpa Saklani, Vaishali Takkar, Soni Singh, Lavina Tandon, Falaq Naaz, မင်းသား Arhaan Behll, နဲ့ Shakti Anand တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။

အဆိပ်နတ်သမီး ဆီတာရာ (Vish Ya Amrit: Sitara) အိန္ဒိယသဘာဝလွန် ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: