2022 ခုနှစ်တွင် ထွက်ရှိလာခဲ့တဲ့ My Coach ထိုင်းဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Nicha Chokprajakchat နဲ့ မင်းသား Tanapon Sukumpantanasan တို့က အဓိကပါဝင်ထားတာဖြစ်ကာ မင်းသား Peter Corp Dyrendal, Chanapoom Thenwong, Rusameekae Fagerlund, မင်းသမီး Newclear Hansa Jungviwattanawong နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက Jenna ဆိုတဲ့ကောင်မလေးဟာ နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမဟာ ဘယ်တုန်းကမှ ချစ်သူရည်းစား မထားခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ သူမဟာ အရမ်းကိုပျင်းရိငြီးငွေ့လာတာကြောင့် သူမရဲ့နှလုံးသားတံခါးကိုဖွင့်ကာ တစ်စုံတစ်ယောက်နဲ့ ဒိတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ သူမအဖေနဲ့ မိသားစုစားသောက်ဆိုင်လေးကို စောင့်ရှောက်ဖို့ Jenna တစ်ယောက် အိမ်ပြန်လာခဲ့ပါတယ်။ Jenna အိမ်ပြန်ရောက်လာတဲ့အချိန်မှာ အထက်တန်းကျောင်းတုန်းက သူမကြောင့် အသည်းကွဲသွားခဲ့တဲ့ John နဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူဟာ Jenna ကို လက်စားချေလိုတဲ့ဆန္ဒကြောင့် သူ့ကိုပြန်ချစ်လာအောင် ထပ်မံကြိုးစားနေခဲ့ပါတယ်။

Jenna ကတော့ Talumphuk FC ဘောလုံးအသင်းရဲ့ စပွန်ဆာဖြစ်သလို John ရဲ့ဦးလေးလည်းဖြစ်တဲ့ Jerdjarat နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပဲ ချစ်မိသွားခဲ့ပြီး Jerdjarat နဲ့နီးစပ်နိုင်ဖို့ အသင်းရဲ့နည်းပြအဖြစ် လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် John ကတော့ သူမရဲ့အခွင့်အရေးတွေကို ပိတ်ပင်တားဆီး နှောင့်ယှက်မှုတွေ ပြုလုပ်နေခဲ့တာပါ။
Jenna ဟာ John ရဲ့ဦးလေးဖြစ်သူနဲ့ နီးစပ်ပြီး ချစ်သူတစ်ယောက် ရနိုင်မလား ဒါမှမဟုတ် John တစ်ယောက် အထက်တန်းကတည်းကနေ ချစ်မြတ်နိုးခဲ့ရတဲ့ Jenna ရဲ့ အချစ်ကို ရနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။
My Coach ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။