အချိန်စက်ဝန်းကို ကျော်လွန်၍ (Tomorrow with You) ဇာတ်လမ်းတွဲဟာ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကိုးရီးယားရုပ်သံစီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Shin Min-a နဲ့ မင်းသား Lee Je-hoon တို့က အဓိကပါဝင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက မြေအောက်ရထားဖြင့် အချိန်တွေကိုဖြတ်သန်းသွားလာနိုင်စွမ်းရှိတဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ စီအီးအို Yoo So-joon နဲ့ သူ့ရဲ့ဇနီးဖြစ်သူ အပျော်တမ်းဓာတ်ပုံဆရာ Song Ma-rin တို့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ Yoo So-joon ဟာ သူ့ရဲ့အနာဂတ်ကို ကြိုမြင်ပြီး အနာဂတ်အခြေအနေကို ရှောင်ရှားရန်အတွက် Ma-rin နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အချိန်တွေကြာလာတာနဲ့အမျှ So-joon ဟာ Ma-rin ကို ဘာအကြောင်းပြချက်မှမပါဘဲ ချစ်မိလာခဲ့ပါတော့တယ်။

အချိန်စက်ဝန်းကို ကျော်လွန်၍ (Tomorrow with You) ဇာတ်လမ်းတွဲတွင် စီအီးအို Yoo So-joon အဖြစ် မင်းသား Lee Je-hoon နဲ့ သူ့ရဲ့ဇနီးဖြစ်သူ အပျော်တမ်းဓာတ်ပုံဆရာ Ma-rin အဖြစ် မင်းသမီး Shin Min-a က ပါဝင်ပေးထားတာ ဖြစ်ပါတယ်။
အချိန်စက်ဝန်းကို ကျော်လွန်၍ (Tomorrow with You) ကိုးရီးယား စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။