Nethra ဆိုတဲ့ အမျိုးသမီးလေးဟာ အချစ်ကိုမယုံကြည်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဖခင်ရွေးချယ်ပေးတဲ့သူကိုသာ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ Nethra ဟာ မိန်းကလေးတစ်ဦးကို သတ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်းကို ထပ်တလဲလဲအိပ်မက်မက်နေခဲ့တာပါ။

တစ်နေ့မှာတော့ တကယ့်လက်တွေ့ဘဝတွင် သူမအိပ်မက်ထဲက ကြောက်စရာကောင်းတဲ့ အဲဒီအမျိုးသားနဲ့ တွေ့ဆုံခဲ့ကာ Nethra တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာရော ဒီအမျိုးသားရဲ့ဖြစ်တည်မှုက Nethra ရဲ့ဘဝကို ဘာတွေဆက်ဖြစ်လာစေမလဲ။ ကြောက်မက်ဖွယ်လျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ပြသမယ့် ကြောက်မက်ဖွယ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

3 Mukhi (အငြိုးနဲ့ဝိညာဉ်) Telugu ဇာတ်ကားတွင် မင်းသမီး Aishwarya Addala, မင်းသား Yadha Kumar နဲ့ Satyanand တို့က အဓိကပါဝင်ထားတာဖြစ်ကာ ဒါရိုက်တာအဖြစ် မင်းသမီး Aishwarya Addala ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးဖြစ်ပြီး စိတ်ဝင်စားဖွယ်လျှို့ဝှက်မှုတွေအကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
အငြိုးနဲ့ဝိညာဉ် ဇာတ်ကားလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။