Thursday, June 1, 2023
HomeEntertainmentအိမ်ထောင်ရေးတစ်ခုကြားက ကတိသစ္စာနဲ့အဲဒီကတိကို မစောင့်ထိန်းပါက ဖြစ်လာမည့်အကျိုးဆက်ကိုကြည့်ရမယ့် "Our Promise"

အိမ်ထောင်ရေးတစ်ခုကြားက ကတိသစ္စာနဲ့အဲဒီကတိကို မစောင့်ထိန်းပါက ဖြစ်လာမည့်အကျိုးဆက်ကိုကြည့်ရမယ့် “Our Promise”

Our Promise ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ အချစ်ဒရာမာဇာတ်လမ်းတွဲ အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ K Chainarong Tampong က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Vill Wannarot Sonthichai, Ying Rhatha Phongam, မင်းသား Punjan Prama Imanothai နဲ့ Zung Kidakarn Chatkaewmanee တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

pinterest.com

မပြောင်းလဲတဲ့အချစ်တွေ၊ မပြိုကွဲတဲ့သံယောဇဉ်တွေနဲ့ သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတဲ့ ဇနီးမောင်နှံစုံတွဲဟာ သက်ဆုံးတိုင်ချစ်ခင်မြတ်နိုးသွားမယ်လို့ တစ်ယောက်နဲ့ တစ်ယောက် ကတိသစ္စာပြုထားခဲ့ကြတာပါ။ တကယ်လို့ ဒီကတိကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ သေခြင်းတရားက ကတိဖောက်ဖျက်သူအတွက် ပြစ်ဒဏ်ဖြစ်နိုင်ပါတယ်။

ခိုင်မြဲလှတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာက တစ်နေ့နေ့မှာ ပျက်စီးသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဒါပေမယ့် ဘဝဆိုတာ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်လို့နေတာဖြစ်ပြီး အထူးသဖြင့် အချစ်နဲ့ပတ်သက်လာရင် ဘာကိုမှတစ်သမတ်တည်း သတ်မှတ်ထားလို့ မရနိုင်ပါဘူး။

Our Promise ထိုင်းအချစ်ဒရာမာ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: