သုံးဆယ်ကျော်ချစ်ပုံပြင် (Because This Is My First Life) ဟာ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသားချော Lee Min-ki နဲ့ မင်းသမီးချော Jung So-min တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ အလုပ်အကိုင်၊ ဆက်ဆံရေး၊ အိမ်ထောင်ရေးနဲ့ အချစ်အပေါ် မတူညီကွဲပြားတဲ့အမြင်တွေကို ထုတ်ဖော်ပြသထားတဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခုပဲဖြစ်ပါတယ်။

သုံးဆယ်ကျော်ချစ်ပုံပြင် (Because This Is My First Life) ဇာတ်လမ်းတွဲလေးဟာ အချစ်ဟာသဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး IT ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး လူမှုရေးညံ့ဖျင်းတဲ့ Nam Se-hee (Lee Min-ki ) ဆိုတဲ့အမျိုးသားဟာ နေထိုင်စရာ အိမ်ပိုင်တောင်မရှိတဲ့ စာရေးဆရာမ Yoo Ji-ho (Jung So-min) ကို နှစ်နှှစ်စာချုပ်ဖြင့် သူ့ရဲ့အိမ်မှာနေခိုင်းခဲ့ပါတယ်။
အိမ်ရှင်နဲ့ အိမ်ငှားစည်းမျဉ်းစည်းကမ်းတွေကို နှစ်ဖက်သဘောတူခဲ့ကြပြီး တူညီတဲ့ပန်းတိုင်တွေကြောင့် အိမ်ကိုအတူမျှဝေနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အစီအစဉ်တွေက ကိုယ်ရေးကိုယ်တာ စိတ်ဒဏ်ရာတွေ၊ လူမှုဆက်ဆံရေးတွေနဲ့ မိသားစုကြားဝင်စွက်ဖက်မှုတွေကြောင့် စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။

ဒီဇာတ်လမ်းတွဲဟာ Se-hee နဲ့ Ji-ho တို့ရဲ့ အချစ်ရေး၊ လူမှုရေးအပေါ်ထားတဲ့ မတူညီတဲ့ရှုထောင့်တွေကို နောက်ခံထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သုံးဆယ်ကျော်ချစ်ပုံပြင် (Because This Is My First Life) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။