Su Xiao Wan ဆိုတဲ့မိန်းကလေးဟာ သူမရဲ့ဘဝမှာ သာမန်ထက်ထူးခြားတဲ့ အရာတွေနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှစိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် Gu မိသားစုရဲ့ သခင်လေး Gu Yan Xi နဲ့ မွေးချင်းစာချုပ်တွင် မတော်တဆပါဝင်မိသွားတဲ့အခါ သူမရဲ့ရိုးရှင်းတဲ့ဘဝကြီးက လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။

Xiao Wan ဟာ Gu Yan Xi ရဲ့ညီမငယ်အဖြစ် ဟန်ဆောင်ဖို့ဖြစ်လာခဲ့ပြီး သူမဟာ နိုင်ငံအတွင်းရှိ အထင်ရှားဆုံးသော စီးပွါးရေးမိသားစုတွေရဲ့ အရေးကိစ္စတွေမှာ ပါဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ Yan Xi ရဲ့ အစီအစဉ်တွေကနေလွတ်မြောက်ဖို့ Xiao Wan တစ်ယောက် သူမရဲ့ဉာဏ်ပညာနဲ့ လိမ္မာပါးနပ်တဲ့လှည့်ကွက်တွေကို ထုတ်သုံးရပါတော့တယ်။
Yan Xi ရဲ့ကြံစည်မှုတွေကနေ လွတ်မြောက်ဖို့ Xiao Wan ဟာ မိသားစုရဲ့ဒုတိယသခင်လေး Gu Zi Qian ကို အားကိုးရမှာ ဖြစ်ပါတယ်။ Gu Zi Qian က Xiao Wan ကို သူ့အစ်ကိုကြီးရဲ့အဆက်မပြတ်နှိပ်စက်ခြင်းကနေ အချိန်တိုင်း ကာကွယ်ပေးနေခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ Zi Qian ဆီမှာ လူတွေမသိသေးတဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်တွေ ရှိနေခဲ့ပါတယ်။

Yan Xi နဲ့ Zi Qian တို့နှစ်ယောက်ရဲ့ ရှုပ်ထွေးမှုတွေကြား Xiao Wan ရဲ့ရှင်သန်နိုင်ရေး ရုန်းကန်မှုတွေနဲ့ သူမလိုချင်တဲ့ ပျော်ရွှင်မှုကို ယူဆောင်လာမယ့် အလှည့်အပြောင်းတွေက ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
A Love So Romantic တရုတ်ဇာတ်လမ်းတွဲတွင် မင်းသား Ye Sheng Jia, Koss Zhao နဲ့ မင်းသမီးချော Yang Zhi Wen တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ A Love So Romantic ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။