Thursday, December 7, 2023
HomeEntertainmentအသောကမင်းကြီးရဲ့ ဘဝမှန်ကိုအခြေခံရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်လမ်းတွဲ "Ashoka"

အသောကမင်းကြီးရဲ့ ဘဝမှန်ကိုအခြေခံရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်လမ်းတွဲ “Ashoka”

Ashoka (Chakravartin Ashoka Samrat) ဇာတ်လမ်းတွဲဟာ 2015 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ အိန္ဒိယသမိုင်းဝင် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Ashoka ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းရေးဆရာ Faizan Mohammad က ရေးသားထားတာဖြစ်ပြီး ဒါရိုက်တာ Prasad Gavandi က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသား Mohit Raina က အသောကအဖြစ် ပါဝင်ထားခဲ့ပြီး အသောကရဲ့ငယ်ဘဝကိုတော့ မင်းသား Siddharth Nigam က အဓိကပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

pinterest.com

Ashoka ဇာတ်လမ်းတွဲဟာ အိန္ဒိယနိုင်ငံ Mauryan အင်ပါယာရဲ့ တတိယမြောက်ဧကရာဇ်ဘုရင် အသောက (304-232 BCE) ဘဝမှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ အသောကမင်းကြီး ဘဝတစ်လျှောက်တွင် အခက်အခဲပြဿနာတွေကို ရင်ဆိုင်ပြီးနောက် နိုင်ငံရဲ့အုပ်ချုပ်သူဖြစ်လာပုံကို ရိုက်ကူးပြသထားခဲ့တာပါ။ ဇာတ်လမ်းတွဲကို Magadha ရဲ့ဧကရာဇ် Bindusara Maurya အုပ်ချုပ်စဉ်ကာလကနေ စတင်ထားခဲ့ပါတယ်။

pinterest.com

ဘုရင်ကြီး Bindusara ရဲ့သားဖြစ်သူ အသောကကို ဆရာဖြစ်သူ Chanakya မှ ဘက်မလိုက်တတ်တဲ့ မင်းတစ်ပါးဖြစ်လာရန် လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Bindusara ရဲ့ တခြားသောမိဖုရားတွေက ဘုရင်ကြီးကိုဖြုတ်ချပြီး အင်ပါယာကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ကာ နန်းတွင်းရဲ့ ရှုပ်ထွေးမှုအခြေအနေကြား တိုင်းပြည်ရဲ့ကယ်တင်ရှင်ဖြစ်လာမယ့် မင်းကောင်းမင်းမြတ် အသောကရဲ့ ဘဝမှန်ကိုကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

Ashoka (Chakravartin Ashoka Samrat) ဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d