Thursday, December 7, 2023
HomeEntertainmentအသက်သုံးဆယ်ကျော် အမျိုးသမီးသုံးယောက်ရဲ့ဘဝကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် "Work Later, Drink Now: Season 2"

အသက်သုံးဆယ်ကျော် အမျိုးသမီးသုံးယောက်ရဲ့ဘဝကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် “Work Later, Drink Now: Season 2”

Work Later, Drink Now ဒရာမာဟာ season 1 ကတည်းက အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး အမျိုးသမီးသုံးယောက်ရဲ့ဘဝကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ December 9 ရက်နေ့မှာတော့ Work Later, Drink Now ဒရာမာဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲ season 2 အပိုင်းသစ်ကို ထပ်မံထုတ်လွှင့်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

Instagram.com

အလုပ်တွေကိုပစ်ပြီး အရက်သောက်ဖို့ စိတ်အားထက်သန်နေကြတဲ့ အမျိုးသမီးသုံးယောက်က ပြန်ရောက်လာခဲ့ပါပြီ။ ရုပ်မြင်သံကြား ဇာတ်ညွှန်းရေးဆရာမ တစ်ဦးဖြစ်တဲ့ An So Hee, ယောဂနည်းပြဆရာမ Han Ji Yeon နဲ့ Youtuber တစ်ယောက်ဖြစ်တဲ့ Kang Ji Goo စတဲ့ အသက်သုံးဆယ်ကျော်အရွယ် အချစ်ဆုံးသူငယ်ချင်း အမျိုးသမီးသုံးယောက်ရဲ့ နေထိုင်မှုဘဝကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာတော့ An So Hee ဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျောက်ကွယ်သွားခဲ့တာဖြစ်ကာ ဒါရိုက်တာ Kang က သူမတို့ကိုရှာဖွေဖို့ မစ်ရှင်တစ်ခုကို စတင်ခဲ့ပါတယ်။ သူတို့သုံးယောက် ဘယ်နေရာကို ရောက်သွားခဲ့တာလဲ ဒါရိုက်တာ Kang ကရော ရုတ်တရက်ပျောက်ကွယ်သွားတဲ့ သူတို့ကို တကယ်ပဲရှာတွေ့နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဘဝ ဒရာမာဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

Instagram.com

Work Later, Drink Now ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းရေးဆရာမ Wi So Young ကရေးသားထားတာဖြစ်ပြီး ဒါရိုက်တာ Park Soo Won က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ Work Later, Drink Now ဇာတ်လမ်းတွဲရဲ့ season 2 တွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Lee Sun Bin, Jung Eun Ji, Han Sun Hwa နဲ့ မင်းသား Choi Si Won တို့က အဓိကပါဝင်ထားကြပါတယ်။

Work Later, Drink Now ဒရာမာဇာတ်လမ်းတွဲရဲ့ ထုတ်လွှင့်ပြသနေဆဲ season 2 အပိုင်းသစ်တွေကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d