Friday, April 19, 2024
HomeEntertainmentတက်ကြွတဲ့အတွင်းရေးမှူးမလေးနဲ့ သူတစ်ပါးအတွက် လုံးဝမတွေးပေးတတ်တဲ့ သူဌေးတို့ရဲ့အချစ်ဇာတ်လမ်း "Jugglers"

တက်ကြွတဲ့အတွင်းရေးမှူးမလေးနဲ့ သူတစ်ပါးအတွက် လုံးဝမတွေးပေးတတ်တဲ့ သူဌေးတို့ရဲ့အချစ်ဇာတ်လမ်း “Jugglers”

Jugglers ကိုးရီးယားဇာတ်လမ်းတွဲဟာ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသမီး Baek Jin-hee, Kang Hye-jung, မင်းသား Choi Daniel, နဲ့ Lee Won-keun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Kim Jung-hyun က ရိုက်ကူးထားတာဖြစ်ပြီးတော့ စုစုပေါင်းအပိုင်း 16 ပိုင်း ပါဝင်ပါတယ်။

Instagram

ဒီဇာတ်လမ်းတွဲလေးဟာ တက်ကြွပြီးနာခံမှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားတဲ့ အရည်အချင်းရှိ အတွင်းရေးမှူးမလေးနဲ့ အခြားသူတွေကို လုံးဝစိတ်မဝင်စားတတ်ဘဲ တခြားသူတွေအတွက် ဘယ်တော့မှထည့်မတွေးပေးတတ်တဲ့ သူဌေးတစ်ဦးတို့ရဲ့ ဇာတ်လမ်းလေးကို ဟာသဆန်ဆန်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

Jugglers ဇာတ်လမ်းတွဲတွင် မင်းသမီး Baek Jin-hee က အသက် 29 နှစ်အရွယ် Jwa Yoon-yi အဖြစ် ပါဝင်ထားတာဖြစ်ပြီးတော့ Chi-won ရဲ့အတွင်းရေးမှူးတစ်ယောက်ဖြစ်ကာ သူမရဲ့အထက်လူကြီးအပေါ် ကောင်းကောင်းအကူအညီပေးနိုင်တဲ့ လက်ထောက်တစ်ယောက်အဖြစ် တွေ့မြင်ရမှာပါ။ သူမဟာ လူတွေနဲ့လျင်မြန်စွာ လိုက်လျောညီထွေပေါင်းသင်းတတ်ပြီး ဘယ်လိုအခြေအနေမျိုးကိုမဆို ဖြတ်ကျော်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မင်းသား Choi Daniel ကိုတော့ အသက် 36 နှစ်အရွယ် ဇာတ်ကောင် Nam Chi-won အဖြစ် တွေ့မြင်ရမှာဖြစ်ကာ တခြားသူတွေအတွက် ဘယ်တော့မှထည့်သွင်းမစဉ်းစားပေးတတ်တဲ့ မီဒီယာကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အာရုံစိုက်မှုကို ရရှိထားသူ ဖြစ်ပါတယ်။

Instagram

မင်းသမီး Kang Hye-jung ကတော့ အချိန်ပြည့်အိမ်ရှင်မအဖြစ်နေထိုင်ပြီး 15 နှစ်ကြာပြီးနောက်တွင် လုပ်ငန်းခွင်သို့ပြန်လာတဲ့ အသက် 37 နှစ်အရွယ် Wang Jeong-ae အဖြစ် ပါဝင်ထားပါတယ်။ မင်းသား Lee Won-keun က ငွေဇွန်းကိုက်ပြီးမွေးဖွားလာခဲ့တဲ့ အားကစားစီးပွါးရေးမီဒီယာဌာနရဲ့ အသက် 28 နှစ်အရွယ် ဒါရိုက်တာအဖြစ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Jugglers ကိုးရီးယားဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading