Saturday, April 20, 2024
HomeEntertainmentဘဝကိုအကောင်းမြင်တတ်သူမိန်းကလေးနဲ့ စိတ်ထားပြည့်ဝတဲ့ကုမ္ပဏီပိုင်ရှင်ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း "A Piece of Your Mind"

ဘဝကိုအကောင်းမြင်တတ်သူမိန်းကလေးနဲ့ စိတ်ထားပြည့်ဝတဲ့ကုမ္ပဏီပိုင်ရှင်ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း “A Piece of Your Mind”

A Piece of Your Mind ဆိုတဲ့ ကိုးရီးယားဇာတ်လမ်းတွဲလေးဟာ 2020 ခုနှစ်ကထွက်ရှိထားခဲ့တာဖြစ်ပြီး မင်းသားချော Jung Hae-in, Kim Sung-kyu, မင်းသမီးချော Chae Soo-bin နဲ့ Lee Ha-na တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Instagram

တစ်ဝက်ရဲ့တစ်ဝက် (A Piece of Your Mind) ဇာတ်လမ်းတွဲလေးဟာ melodrama အမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် Lee Sang-yeob က ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ Moon Ha-won (Jung Hae-In) နဲ့ Han Seo-woo (Chae Soo-Bin) တို့ကြားအချစ်ဇာတ်လမ်းလေးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

pinterest.com

Moon Ha-won ဟာ AI programmer တစ်ယောက်ဖြစ်သလို AH Company ရဲ့တည်ထောင်သူ founder တစ်ယောက်လည်း ဖြစ်ပြီး စိတ်သဘောထား ကောင်းမွန်ပြည့်ဝတဲ့သူတစ်ယောက်ပါ။ Han Seo-woo ကတော့ recording engineer တစ်ယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်အိမ်မရှိသေးတဲ့ သူမရဲ့ဘဝဟာ မတည်မငြိမ်ဖြစ်နေပေမယ့် သူမဟာ ဘဝကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေသူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုမျိုး အချစ်ကပေါ်ပေါက်လာမလဲဆိုတာကို ကြည်နူးဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးပဲ ဖြစ်ပါတယ်။

တစ်ဝက်ရဲ့တစ်ဝက် (A Piece of Your Mind) ကိုကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading