Friday, April 19, 2024
HomeEntertainmentမူးမူးနဲ့ဆုတောင်းမိလိုက်တဲ့ တောင်းဆုတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိဖြစ်လာပုံကိုကြည့်ရမယ့် "Doom at Your Service"

မူးမူးနဲ့ဆုတောင်းမိလိုက်တဲ့ တောင်းဆုတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိဖြစ်လာပုံကိုကြည့်ရမယ့် “Doom at Your Service”

Doom at Your Service ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသမီး Park Bo-young နဲ့ မင်းသား Seo In-guk တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Kwon Young-il က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 2021 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲလေးဟာ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

pinterest.com

ဇာတ်လမ်းပုံစံက web novel company တစ်ခုရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Tak Dong-kyung (Park Bo-young) ဟာ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးနဲ့မကြုံတွေ့ရခင်မှာတော့ ရိုးရိုးရှင်းရှင်း သာမန်ဘဝကို ဖြတ်သန်းနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်တည်းမှာပဲ သူမဟာကင်ဆာရောဂါကို ခံစားနေရပြီး အသက်ရှင်နိုင်မယ့် အချိန်သုံးလသာကျန်တော့တယ်ဆိုတာကို သိခဲ့ရတာဖြစ်သလို သူမရဲ့ချစ်သူတွင်လည်း မိန်းမရှိနေတာဖြစ်ပြီး မကြာခင်မှာဖခင်တစ်ယောက်ဖြစ်တော့မှာဖြစ်ကြောင်းနဲ့ အလုပ်တွင် အထက်လူကြီးရဲ့ဆူပူကြိမ်းမောင်းခြင်းကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။

pinterest.com

ကံဆိုးခြင်းတွေကို တစ်ပြိုင်တည်းကြုံတွေ့ရတဲ့ Tak Dong-kyung ဟာ တိုက်ခန်းခေါင်မိုးပေါ်တွင် အရက်သောက်ရင်း ကြယ်တစ်ပွင့်ကြွေတာမြင်လိုက်ရတဲ့အချိန်မှာ ကမ္ဘာကြီးပျက်သုဉ်းသွားပါစေလို့ မူးမူးနဲ့ဆုတောင်းလိုက်မိပါတယ်။ သူမရဲ့ဆုတောင်းကို နတ်ဘုရားနဲ့ လူသားတွေရဲ့ကြားက သံတမန်ဖြစ်တဲ့ Myul Mang (Seo In-guk) မှ ကြားသိသွားခဲ့တာပါ။ Myul Mang ဟာ အမှောင်နဲ့အလင်းကြား မွေးဖွားလာခဲ့သူဖြစ်ပြီး သူ့အသက်ရှူသံတစ်ချက်နဲ့တင် နိုင်ငံတွေပျောက်ကွယ်သွားနိုင်ပြီး သူလမ်းလျှောက်လိုက်တဲ့အခါ ရာသီဥတုတွေ ဖောက်ပြန်သွားနိုင်ကာ သူပြုံးရယ်လိုက်တိုင်း ဘဝတစ်ခုချုပ်ငြိမ်းသွားနိုင်လောက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

pinterest.com

Myul Mang ဟာ သူ့မွေးနေ့တွင် လူသားတစ်ယောက်ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ကာ ကမ္ဘာကြီးကိုအဆုံးသတ်စေချင်တဲ့ Dong-kyung ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Dong-kyung ဟာ Myul Mang နဲ့ ရက်တစ်ရာစာချုပ်ချုပ်ဆိုဖို့ဖြစ်လာခဲ့ပြီးနောက် သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်လမ်းဖြစ်ပါတယ်။

Doom at Your Service စိတ်ကူးယဉ်အချစ် ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading