Wednesday, April 24, 2024
HomeEntertainmentရှေးဟောင်းသုတေသနတစ်ခုကြောင့် ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေဖြစ်လာတာကို ကြည့်ရမယ့် 'Monstrous'

ရှေးဟောင်းသုတေသနတစ်ခုကြောင့် ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေဖြစ်လာတာကို ကြည့်ရမယ့် ‘Monstrous’

Jung Ki Hoon ဟာ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးဖြစ်ပြီး သူဟာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေကို ရှာဖွေနေခဲ့ပြီးတော့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုက သူ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ Monthly Strange Story မဂ္ဂဇင်းကို ထုတ်ဝေလျက်ရှိပြီး Monthly Strange Story အမည်ရတဲ့ YouTube ချန်နယ်ကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

Instagram

Jung Ki Hoon ရဲ့ဇနီးဟောင်း Lee Soo Jin ကြောင့် သူဟာ Jinyang ပြည်နယ်သို့ သုတေသနပြုလုပ်ရန် သွားရောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနေရာမှာတော့ သူဟာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။

Lee Soo Jin ဟာလည်း စာလုံးများနဲ့ သင်္ကေတတွေရဲ့ ဝှက်စာတွေကို ဖော်ထုတ်ရှာဖွေတဲ့ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ အလုပ်တွင် အရမ်းကိုထူးချွန်သူဖြစ်ပြီး သူမရဲ့သားလေးကို ဆုံးရှုံးလိုက်ရချိန်တွင် Soo Jin ဟာလည်း Jinyang ပြည်နယ်သို့ လာရောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး သူတို့ကြုံတွေ့ရတဲ့ဖြစ်စဉ်ရဲ့ အဖြေတွေကို ရှာဖွေကြမယ့် လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို သဘာဝလွန် ဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်ပါတယ်။

Instagram

စိတ်နယ်လွန်ကမ္ဘာ (Monstrous) ဇာတ်လမ်းတွဲမှာတော့ မင်းသား Koo Kyo-hwan နဲ့ မင်းသမီး Shin Hyun-been တို့က အဓိကပါဝင်ထားကြတာဖြစ်ပြီး Kwak Dong-yeon, Nam Da-reum, Kim Ji-young, Park Ho-san, Park So-yi, Jo Hyun-woo, Dong Hyun-bae နဲ့ Jo Sang-ki တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

စိတ်နယ်လွန်ကမ္ဘာ (Monstrous) ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading