Thursday, December 7, 2023
HomeLifestyleမိုဘိုင်းဂိမ်းတွေ ကစားခြင်းကြောင့် မထင်မှတ်ဘဲ ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ

မိုဘိုင်းဂိမ်းတွေ ကစားခြင်းကြောင့် မထင်မှတ်ဘဲ ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ

တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်းတွေ ကိုင်နေနိုင်ပြီဖြစ်သလို ဖုန်းထဲမှာ ဆော့ကစားနိုင်တဲ့ မိုဘိုင်းဂိမ်းတွေဟာလည်း လူတွေကြားထဲမှာ ခေတ်စားလာပြီပဲ ဖြစ်ပါတယ်။ လူကြီးမိဘတော်တော်များများကတော့ ကိုယ်တွေဖုန်းဂိမ်း ထိုင်ဆော့နေတဲ့ အချိန်တွေမှာ တစ်နေကုန် ဒီဖုန်းပဲ ပွတ်နေတာပဲ၊ အဲဒီအရည်မရအဖတ်မရ ဂိမ်းပဲဆော့နေကြ အစရှိသဖြင့် ဆူငေါက်တဲ့ အခိုက်အတန့်တွေကို လူငယ်အကုန်လုံးနီးပါး ခံစားဖူးကြမှာပါ။

တကယ်တမ်းတော့ တစ်နေကုန်တစ်နေခန်း ဘာမှမစား၊ မလှုပ်မယှက်နဲ့ ဂိမ်းကစားနေတတ်တဲ့ လူမျိုးကလွဲလို့ အချိန်တစ်ခုသတ်မှတ်ပြီး မိုဘိုင်းဂိမ်းဆော့ကစားတဲ့လူမျိုးတွေဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ရရှိနိုင်တဲ့ ကျန်းမာရေးအားသာချက်တွေဆိုတာ ရှိပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ မိုဘိုင်းဂိမ်းတွေဆော့ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး တွေကို ပြောပြပေးသွားချင်ပါတယ်။

၁။ စိတ်ခံစားချက်ကို ထက်သန်စေပါတယ်

pixabay/DariuszSankowski

မိုဘိုင်းဂိမ်းအများစုဟာ Level တစ်ခုပြီးတစ်ခု ဒါမှမဟုတ် mission တွေကျော်ဖြတ်ရတဲ့ ပုံစံမျိုးနဲ့ တည်ဆောက်ထားတဲ့ ဂိမ်းအမျိုးအစားတွေ ဖြစ်ပါတယ်။ အဲဒီလို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါမျိုးတွေ ဒါမှမဟုတ် ဂိမ်းထဲမှာ survive ဖြစ်ဖို့ ကြိုးစားရတဲ့ အခါမျိုးတွေမှာ ကိုယ့်ရဲ့ စိတ်ထဲမှာ ဒီဂိမ်းကို နိုင်အောင်ဆော့ချင်တဲ့ စိတ်တွေ တစ်နည်းအားဖြင့် စိတ်အားထက်သန်မှုတွေဆိုတာ ဖြစ်လာစမြဲပါပဲ။

၂။ ဦးနှောက်ကို အလုပ်လုပ်ပေးပြီး ဉာဏ်ကောင်းစေပါတယ်

ဂိမ်းတစ်ခုကို ကစားတိုင်းမှာ ဦးနှောက်က အဓိက အလုပ်လုပ်ပေးပါတယ်။ အထူးသဖြင့် မိုဘိုင်းဂိမ်းတွေကို ဆော့ကစားတဲ့ အချိန်တွေမျိုးမှာဆိုရင် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက မပါမဖြစ်ပါပဲ။ ဒီဂိမ်းကို ငါဘယ်လိုနိုင်အောင် ဆော့ရမလဲ၊ ဘယ်လိုမျိုး အကွက်နဲ့ ဆော့ရမလဲ၊ ရန်သူကို ဘယ်လိုသတ်ရမလဲ အစရှိသဖြင့် တွေးတောပြီး ဆော့ကစားရတဲ့ ဂိမ်းတွေဖြစ်တာကြောင့် စဉ်းစားပါများလေ၊ ဉာဏ်ကောင်းလေပါပဲ။

၃။ အသက်အရွယ် အပိုင်းအခြားမရွေး ဆော့ကစားနိုင်ပါတယ်

မိုဘိုင်းဂိမ်း အများစုဟာ လူငယ်တွေသာမက လူကြီးတွေပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတွေပဲ ဖြစ်ပါတယ်။ ဥပမာ- Candy Crush လို ဂိမ်းမျိုးဆိုရင် လူကြီးတွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ ဂိမ်းတွေပါပဲ။ သေချာစဉ်းစားကြည့်မယ်ဆိုလည်း မိုဘိုင်းဂိမ်းတော်တော်များများဟာ လူကြီးလူငယ်မရွေး အလွယ်တကူ download ဆွဲပြီး ဆော့ကစားနိုင်တဲ့ ဂိမ်းတွေသာ ဖြစ်ပါတယ်။

၄။ လူမှုဆက်ဆံရေးကို ကောင်းစွာ မြှင့်တင်ပေးနိုင်ပါတယ်

pixabay/techvaran

မိုဘိုင်းဂိမ်းတော်တော်များများဟာ တစ်ယောက်တည်း ဆော့ကစားနိုင်တဲ့ ဂိမ်းတွေ ရှိသလို အဖွဲ့နဲ့ ဆော့ကစားနိုင်တဲ့ ဂိမ်းတွေလည်း ရှိပါတယ်။ ဥပမာ- ဒီနေ့ခေတ်မှာ လူငယ်အများစု ဆော့ကစားနေတဲ့ Mobile Legends နဲ့ PUBG လို ဂိမ်းမျိုးဆိုရင် Teamwork ကောင်းမှ နိုင်တဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး အသင်းအဖွဲ့နဲ့ ဆော့ကစားရတဲ့ ဂိမ်းမျိုးတွေဟာ ရေရှည်မှာ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မှာ အသေအချာပါပဲ။

RELATED ARTICLES
- Advertisment -

Most Popular

%d