Thursday, June 1, 2023
HomeKnowledgeကိုယ်အလေးချိန်များသူများ ဦးနှောက်ပျက်စီးမှုနှင့်အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေများပြား

ကိုယ်အလေးချိန်များသူများ ဦးနှောက်ပျက်စီးမှုနှင့်အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေများပြား

BMI (Body Mass Index)အရ ကိုယ်အလေးချိန်မြင့်တက်သူတွေဟာ သိမြင်နိုင်မှုစွမ်းရည်ကျဆင်းပြီး ရူးသွပ်နိုင်ခြေများပြားတယ်လို့ သုတေသနလေ့လာချက်များအရသိရပါတယ်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ လုံလောက်တဲ့အကြောင်းအရင်းကတော့ အဝလွန်ခြင်းနဲ့ နှလုံးကြောင့်ဖြစ်တဲ့ကင်ဆာအမျိုးမျိုး၊ သေစေနိုင်တဲ့နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းတို့နဲ့ ဆက်စပ်နေကြောင်းတွေ့ရပါတယ်။ အခုထပ်မံပြီး ရူးသွပ်နိုင်ခြေများပြားတယ်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

BMI အရ ကိုယ်အလေးချိန်များပြားခြင်းကြောင့် အသက်အရွယ်ကြီးတဲ့အခါ သိမြင်နိုင်မှုစွမ်းရည်တွေ ကျဆင်းနိုင်တယ်လို့ အသစ်တွေ့ရှိထားတဲ့သုတေသနတွေမှာ အကြံပြုတင်ပြထားပါတယ်။ ဒီလိုကိုယ်အလေးချိန်မြင့်တက်ခြင်းဟာ ဦးနှောက်ရောင်ခြင်းကို ဖြစ်ပွားစေပါတယ်။ ဦးနှောက်ရောင်ခြင်းကြောင့် ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

man drinking from clear plastic bottle
Photo by Artem Podrez on Pexels.com

ဦးနှောက်ရဲ့သိမြင်နိုင်မှုစွမ်းရည်တွေကျဆင်းတာဟာ ကျန်းမာတဲ့သူတွေမှာတောင် အသက်အရွယ်ကြီးတဲ့အခါ ရင်ဆိုင်ရတဲ့ သာမန်ဖြစ်ရပ်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကိုယ်အလေးချိန်မြင့်တက်ပြီး ဝတဲ့သူတွေကတော့ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ဒီအခြေအနေကို သိသိသာသာ ဆိုးရွားစွာခံစားရနိုင်ပါတယ်။

ဒီလို BMI အရကိုယ်အလေးချိန်မြင့်တက်တဲ့သူတွေဟာ စိတ်ခံစားမှုနဲ့ ဦးနှောက်ရဲ့သိမြင်နိုင်မှုစွမ်းရည်တွေ မညီမျှမှုကို ပိုမိုခံစားလာရပြီဆိုရင်တော့ ရူးသွပ်တဲ့အထိပါဖြစ်နိုင်တဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့အခွင့်အလမ်းများနေပါပြီ။ ဒီသုတေသနအသစ်တစ်ခုဟာ ကျန်းမာရေးဆိုင်ရာပြဿနာကို ကြားဝင်ဖြေရှင်းနည်းအသစ်တွေနဲ့ ကုသကာကွယ်မှုတွေပြုလုပ်ပေးနိုင်ကောင်း ပေးနိုင်တယ်လို့ဆိုပါတယ်။

သုတေသနကို လူပေါင်း 9000 ပါဝင်လေ့လာမှုနဲ့ 12500 ဦးပါဝင်တဲ့ လေ့လာမှုဆိုပြီးပုံစံနှစ်မျိုးနဲ့ပြုလုပ်ခဲ့ပါတယ်။ သုတေသနပညာရှင်တွေက အသက်အရွယ်အိုမင်းနေတဲ့သူတွေမှာ 6 နှစ်ကြာလေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက  သုတေသနမှာပါဝင်စစ်ဆေးခံသူများရဲ့ BMI အပြင် ဦးနှောက်ရောင်ခြင်း၊ သိမြင်နိုင်မှုစွမ်းရည်တို့နဲ့ပတ်သက်ပြီးလည်း အချက်အလက်များ ဆန်းစစ်ရယူခဲ့ပါတယ်။ BMI မြင့်တက်ခြင်းနဲ့ သိမြင်နိုင်မှုစွမ်းရည်ကျဆင်းခြင်းတို့ရဲ့ တိကျတဲ့ဆက်နွယ်မှုကို လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

woman biting a hamburger
Photo by Pavel Danilyuk on Pexels.com

အရီဇိုးနားတက္ကသိုလ်က သုတေသနကိုဦးဆောင်ခဲ့သူ Kyle Bourassa က ”ကိုယ်အလေးချိန်မြင့်တက်မှု စစ်ဆေးခံယူ တဲ့သူတွေကို ပထမ အချိန်ကန့်သတ်ချက်တစ်ခုထားပြီး လေ့လာတဲ့အခါ သူတို့ဟာ နောက်လေးနှစ်လောက်ထိ CRP level ပြောင်းလဲမြင့်တက်လာတာကိုတွေ့ရတယ်။ CRP level ဆိုတာ သွေးတွင်းပရိုတင်းဓာတ် တိုင်းတာမှုဖြစ်ပြီး သိသိသာသာ မြင့်တက်လာခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းတာကိုတွေ့ရပါတယ်။ လေးနှစ်လောက် CRP level မြင့်တက်လာပြီးနောက် ကြိုတင်သတ်မှတ်ထားတဲ့ အချိန်ကန့်သတ်မှု ခြောက်နှစ်ပြည့်တဲ့အခါ ဒီလို သုတေသနရလဒ် ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်” လို့ဆိုပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေကတော့ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ သွေးဖိအားမြင့်တက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး၊ အရိုးအဆစ်ရောင်ရမ်းနာရောဂါနဲ့ သည်းခြေအိတ်ရောဂါတို့ဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Bourassa က ”ကိုယ်အလေးချိန်နည်းတဲ့အခြေအနေဟာ သင့်အတွက်ကောင်းပါတယ်။ သင့်ကျန်းမာရေးအတွက်ရော သင့်ဦးနှောက်အတွက်ပါ ကောင်းပါတယ်”လို့ အကြံပြုထားပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: