” Black Friday ” Sale ချတယ်ဆိုတဲ့ စကားကိုတော့ ကြားဖူးကြမှာပါ။ အွန်လိုင်းက ဈေးရောင်းတဲ့ Page တွေ၊ကုန် ပစ္စည်း Product တွေမှာဆိုရင် ” Black Friday ” ကျရင် ဘယ်လောက်ထိ လျှော့ဈေးနဲ့ ရောင်းမယ်ဆိုပြီး ကြေညာ လေ့ ရှိကြပါတယ်။ လူတော်တော်များများကတော့ ကျေးဇူးတော်နေ့ Thanksgiving အပြီး နောက်နေ့ကို ” Black Friday ” လို့ ခေါ်ကြတယ်ဆိုပြီး မှတ်ယူထားကြပါတယ်။ လျှော့ဈေးနဲ့ အပြိုင်အဆိုင် ဈေးရောင်းကြတဲ့ ” Black Friday ” ဆိုတာ ဘယ်ကနေ ဖြစ်ပေါ်လာလဲဆိုတဲ့ သူ့ရဲ့ သမိုင်းကြောင်းကိုတော့ Insider မှာ အခုလို ဖော်ပြထားပါတယ်။

ဘာကြောင့် “Black Friday” ဆိုပြီး ခေါ် ကြတာလဲ.? “Black Friday” နေ့ရောက်ရင်တော့ ဆိုင်တွေက အဲဒီနေ့မှာ အကျိုးအမြတ်တွေ အများကြီးရကြပါတယ်။ ဝယ်တဲ့သူတွေကလည်း ဈေးတန်တန်နဲ့ ရနိုင်ကြပါတယ်။ Black Friday ရဲ့ တကယ့်သမိုင်းကြောင်းအစကတော့ ၁၈၀၀ ကျော်လောက်က စတာပါ။ သူ့ကိုတော့ ၁၈၆၉ ခုနှစ် နိုဝင်ဘာ ၂၄ မှာ “Black Friday” ဆိုတဲ့ အသုံးအနှုန်းကို စသုံးခဲ့တာပါ။ Jay Gould နဲ့ Jim Fisk ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူ နှစ်ယောက်က သူတို့ရဲ့ အဆက်အသွယ်တွေကို အားကိုးပြီး ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့လုပ်ခဲ့ပါတယ်။ ၁၈ ယောက်မြောက် အမေရိကန် သမ္မတ President Grant က ဒီခြယ်လှယ်မှုကို သိသွားတဲ့အခါမှာတော့ ငွေတိုက်ကို ရွှေတွေအများကြီးချပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

အဲဒီမှာပဲ ရွှေဈေးတွေက ၁၈ ရာခိုင်နှုန်းလောက် ပြုတ်ကျသွားပြီး ရင်းနှီးမြှုပ်နှံသူတွေလည်း တစ်နေ့တည်းနဲ့ကို ဝက်ဝက်ကွဲအရှုံးပေါ်ခဲ့ပါတယ်။ စီးပွားပျက်သွားတဲ့အထဲမှာ သမ္မတရဲ့ယောက်ဖတောင်မှ ပါပါတယ်။ ဈေးကစားတဲ့သူတွေကို ငွေတိုက်ထုတ်ပြီး ဈေးကွက်ထဲရွှေတွေချပေးလိုက်တာရဲ့ နောက်ဆက်တွဲကြောင့် ရှယ်ယာဈေးကွက်ကလည်း ၂၀ ရာခိုင်နှုန်းထိုးကျသွားသလို ပြည်ပကုန်သွယ်မှုကလည်း ချက်ချင်းကျဆင်းသွားခဲ့ပါတယ်။ ဒါတင်မကပဲ ဂျုံနဲ့နှံစားသီးနှံတွေရဲ့ ဈေးနှုန်းကလည်း ၅၀ ရာခိုင်နှုန်း ပြုတ်ကျသွားခဲ့ပါတယ်။

၁၉၅၀ လောက်မှာတော့ Philadelphia ရဲတွေက ကျေးဇူးတော်နေ့နဲ့ Army-Navy game ကြားကာလကို “Black Friday” ဆိုပြီး သုံးနှုန်းခဲ့ဖူးပါတယ်။ ဘာလို့ ဒီလိုသုံးလဲဆိုရင်တော့ ဈေးဝယ်တဲ့သူတွေ၊ခရီးသွားတွေက အဲဒီသောကြာနေ့ ရောက်ရင် လူတွေ စုပြုံများပြားလာတဲ့အတွက်ကြောင့် ရဲဝန်ထမ်းတွေက အလုပ်ချိန် အကြာကြီးလုပ်ရလို့ အဲဒီလို ခေါ်ခဲ့တာပါ။ ကုန်သည်တွေက ”Big Friday,” ဆိုပြီး နာမည်ပြောင်းဖို့ လုပ်ခဲ့ပေမယ့်လည်း “Black Friday” အဖြစ်ပဲ ဆက်ရှိ နေခဲ့ပါတယ်။ ”Black Friday” ကတော့ မကောင်းတဲ့ Negative Image တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၈၀ နှောင်းပိုင်းလောက်မှာတော့ လက်လီ အရောင်းသမားတွေက “Black Friday” ကို Positive Image အဖြစ် ပြောင်းလဲ ဖို့ ကြိုးစားလာခဲ့ပြီး အခုဆိုရင်တော့ “Black Friday” ဆိုရင် လျှော့ဈေးနဲ့ ပျော်ပျော်ပါးပါး ဈေးဝယ်လို့ရတဲ့နေ့တစ်နေ့ အဖြစ် လူတွေက သတ်မှတ်တာကို ခံနေရပါပြီ။