Tuesday, October 3, 2023
HomeLifestyleချစ်ပေမယ့်လည်း မပေါင်းစည်းရတဲ့အကြောင်းအရင်းများ

ချစ်ပေမယ့်လည်း မပေါင်းစည်းရတဲ့အကြောင်းအရင်းများ

တစ်ခါတလေ ချစ်နေရဲ့သားနဲ့ လူတွေ ဘာလို့ခွဲသွားကြတာလဲ … ? ဆိုပြီး ကြားထဲကနေ ကိုယ်က ဝင်စဉ်းစားမိတာမျိုး ရှိပါလိမ့်မယ်။ သူတို့မှာလည်း အကြောင်းပြချက်တွေ ရှိတတ်ပါတယ်။ ချစ်ရဲ့သားနဲ့ ခွဲခွာဖို့ဆိုတာ ဘယ်လွယ်မလဲ။ ဒါပေမယ့် ခွဲခွာရလောက်တဲ့အထိလည်း သူတို့မှာ ဘဝအခက်အခဲတွေ ရှိနေတတ်ပါတယ်။ ချစ်သူအချင်းချင်း ချစ်ရဲ့သားနဲ့ ဘာလို့ ခွဲသွားရတာလဲဆိုတာကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁) ရှေ့ရေးကို စိတ်ပူလို့

man and woman sitting back to back having a fight
Photo by cottonbro on Pexels.com

ချစ်သူနဲ့အတူ လျှောက်လှမ်းရမယ့် ဘဝခရီးဟာ ထင်ထားတာထက်ပိုပြီး ခက်ခဲနိုင်တယ်၊ ရှုပ်ထွေးနိုင်တယ်ဆိုတာကို ကြိုတင်တွက်ဆမိတဲ့အခါမျိုးမှာလည်း ချစ်သူကို ချစ်ရဲ့သားနဲ့ စွန့်လွှတ်ရတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။

(၂) ပြတ်သားတယ်လို့ ယူဆမိတဲ့ ပြောင်းလဲမှု

နောက်တစ်ချက်ကတော့ ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် ဘဝနှစ်ခုစလုံး ပြောင်းလဲဖို့အတွက် နှစ်ယောက်သား လမ်းခွဲမှ ပိုမိုအဆင်ပြေနိုင်မယ်လို့ အခြေအနေအရ ဖြစ်နေတဲ့အခါမျိုးမှာ စွန့်စားတဲ့ စွန့်လွှတ်မှုကြီးကြီးမားမားကြီးကို လုပ်လိုက်ရပါတယ်။ ဒါကလည်း ချစ်နေရက်နဲ့လမ်းခွဲခြင်းတစ်မျိုးပါပဲ။

(၃) မလိုအပ်တော့ဘူးထင်လို့

light fashion man people
Photo by Alena Darmel on Pexels.com

ကိုယ်ကတော့ ချစ်ပါတယ်။ တစ်ဖက်သားက တကယ်ချစ်တာမှ ဟုတ်ရဲ့လားလို့ ခံစားမိတဲ့ အခါမျိုး (သို့) သူဟာ ကိုယ့်ထက် ပိုပြီးသင့်တော်သူနဲ့သာ ထိုက်တန်တယ်၊ ဒီအခြေအနေရောက်လာတဲ့အထိ သူ့အနားမှာ အနီးကပ်စောင့်ရှောက်ခဲ့ပါတယ်။ အခုတော့ သူဟာ ဒီထက်မက အများကြီးအကာကွယ်ပေးနိုင်တဲ့ သူတစ်ယောက်နဲ့ ပိုမိုအဆင်ပြေနေတာကို တွေ့လိုက်ရတဲ့အခါ အပြုံးမျက်နှာနဲ့ ကျောခိုင်းခဲ့တာတွေလည်း ရှိပါတယ်။

(၄) ငဲ့ညှာလို့

ချစ်သူနဲ့ကိုယ့်ဘဝဟာ သိပ်ကို အလှမ်းဝေးနေတယ်။ ချစ်သူကလည်း အချစ်တစ်ခုသာရှိရင် ဘာမဆို ရင်ဆိုင်ရဲတယ်-ဆိုတဲ့ စွမ်းရည်သတ္တိနဲ့ပြည့်စုံပါတယ်။ ဒါပေမယ့် ခက်တာက ကိုယ့်ရဲ့ နိမ့်ကျတဲ့ ဘဝထဲကို ချစ်သူကိုမခေါ်ရက်ဘူး။ ချစ်သူအမြင်မှာ ကိုယ်ဟာ သူရဲဘောကြောင်ချင် ကြောင်နေမယ်။ ဒါပေမယ့် ချစ်သူကို ကိုယ်ဆင်းရဲသလို မဆင်းရဲစေချင်တဲ့ စေတနာနဲ့ ချစ်သူအမုန်းကို ပျော်ပျော်ကြီး ခံယူလိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။

(၅) ဒီအတိုင်းက ပိုအဆင်ပြေမယ်ထင်လို့

man people woman relationship
Photo by RODNAE Productions on Pexels.com

နောက်ဆုံးအချက်ကတော့ နှစ်ဦးနှစ်ဖက် အတူတူ ရှိနေတဲ့အခါမျိုးမှာ ပြဿနာတွေ အဆင်မပြေမှုတွေ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးပေါ့။ ဒီလောကဓံတွေဟာ နှစ်ယောက်သာ ခပ်ခွာခွာနေလိုက်တဲ့အခါ သက်သာသယောင်၊ မဖြစ်သယောင် အနေအထားမျိုးမှာဆိုရင်လည်း ချစ်သူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမယ့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ရတာမျိုးပါ။

By နတ်စည်တော်

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: